ဩစတြေးလျဘောလုံးကလပ်က မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ဘောလုံးအသင်းကို ပံ့ပိုးရာရောက်နေတယ်လို့ JFM ဆို
ဩစတြေးလျဘောလုံးကလပ်က မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ဘောလုံးအသင်းကို ပံ့ပိုးရာရောက်နေတယ်လို့ JFM ဆို
ဩစတြေးလျနိုင်ငံက ဘောလုံးကလပ်တခုဖြစ်တဲ့ Macarthur Bulls အသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှု ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့ အာရှဘောလုံးအဖွဲ့ချုပ် AFC ပြိုင်ပွဲမှာ ရှမ်းယူနိုက်တက်အသင်းနဲ့ ကစားခဲ့ပြီး ဒါဟာ ဩစတြေးလျ အစိုးရ၊ နိုင်ငံခြားနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ခရီးသွားအကြံပြုချက်နဲ့ ဆန့်ကျင်နေတယ်လို့ Justice for Myanmar က ထောက်ပြပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ စစ်ကောင်စီပိုင် မြန်မာ့စီးပွားရေးကော်ပိုရေရှင်း MECနဲ့ စီးပွားရေးဆက်နွှယ်နေတဲ့ ခရိုနီ ကုမွဏီ ဝမင်းကော်ပိုရေးရှင်းပိုင် ဘောလုံးအသင်းဖြစ်ပြီး ဩစတြေးလျအစိုးရဟာ MEC ကို ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံဖြစ်တယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။
ရှမ်းယူနိုက်တက်ဘောလုံးအသင်းကို ပိုင်ဆိုင်တဲ့ ဝမင်းကော်ပိုရေးရှင်းလုပ်ငန်းဟာ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက ငှားရမ်းထားတဲ့ မြေနေရာပေါ်မှာ မနောဟရီစုပေါင်းရုံးနေရာ တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ရရှိထားတဲ့ လုပ်ငန်း ဖြစ်တယ်လို့ Distributed Denial of Secrets ထုတ်ပြန်ချက်ကို ကိုးကားပြီး JFM က ဖော်ပြထားပါတယ်။
JFM ပြောခွင့်ရ မရတနာမောင်ကတော့ “မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်နွယ်မှု ရှိတဲ့အတွက် ဝမင်းကုမ္ပဏီအုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်ပြီး ရှမ်းယူနိုက်တက် အသင်း အပါအဝင် သူတို့ရဲ့ ဝန်ထမ်းတွေကို ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆန်သင့်တယ်“ လို့ ပြောပါတယ်။
မြန်မာ့စီးပွာရေးကော်ပိုရေးရှင်းပိုင် မြေနေရာပေါ်မှာ Yangon Riverview Complex စီမံကိန်းကို ဝမင်းကော်ပိုရေးရှင်း ခေါင်းဆောင် ခွန်နောင်မြင့်ဝေက ရင်းနှီးမြှုပ်နှံသူအဖြစ် ပါရှိနေတယ်လို့ JFM က ဆိုပါတယ်။
ဩစတြေးလျဘောလုံးကလပ် Macarthur Bulls အသင်းအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ ဘောလုံးကစားကြတဲ့ ကိစ္စရပ်တွေအပေါ် အာရှဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်နေတဲ့ ဩစတြေးလျဘောလုံးအဖွဲ့ချုပ်အနေနဲ့ မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ဆက်ရှိနေသရွေ့ မြန်မာအသင်းတွေနဲ့ ဘောလုံးကစားတာတွေကို တားဆီးသင့်တယ်လို့ မရတနာမောင်က ပြောပါတယ်။
အခုကိစ္စဟာ မြန်မာစစ်တပ်စီးပွးရေးလုပ်ငန်းစုနဲ့ ဆက်နွှယ်နေတဲ့ ဘောလုံးအသင်းကို ပံ့ပိုးပေးရာရောက်ပြီး မြန်မာအသင်းတွေနဲ့ ဘောလုံးကစားမှုကို တားဆီးခြင်းဖြင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီ ရပ်တည်ပေးသင့်တယ်လို့ Justice for Myanmar အဖွဲ့က တောင်းဆိုထားပါတယ်။
The Tanintharyi Times
