ကျောက်ဖြူရွာက ပြည်သူနေအိမ်တွေနဲ့ စပါးကျီတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီး

ကျောက်ဖြူရွာက ပြည်သူနေအိမ်တွေနဲ့ စပါးကျီတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီး

TYC-Home_Fire
ဓာတ်ပုံ - Kwe Ka Lu News

စစ်ကောင်စီတပ်ဟာ သူတို့တပ်ဖြန့်နေရာယူခဲ့တဲ့ ကျောက်ဖြူရွာက ပြည်သူ နေအိမ် (၃) ဆောင်နဲ့ စပါးကျီ (၃) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူ့အိမ်တွေကို မီးရှို့တာအပြင် ဒေသခံတွေရဲ့ မွေးမြူထားတဲ့ ဝက်နှစ်ကောင်ကိုလည်း ပစ်ခတ် သတ်ဖြတ်ထားခဲ့ပါတယ်။

အင်အား (၅၀) ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ သရက်ချောင်းမြို့နယ်၊ ကဇိရွာကနေ ကျောက်ဖြူရွာဘက်သို့ ဇွန် ၂၄ ရက်ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

ကျောက်ဖြူရွာကနေ စော်ဖျားရွာဘက်ကို ဆုတ်ခွါလာတဲ့ ၎င်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က(၁၀)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အရေအတွက်ဟာ ယမန်နေ့က သတင်းမေးမြန်းချိန်မှာ ၁၀ ဦးခန့် လို့ သိရပေမယ့် ယနေ့အတည်ပြုချက်အရတော့ ၇ ဦးသာ ရရှိခဲ့တာလို့ သိရှိရပါတယ်။

တိုက်ပွဲမှာ ပြည်သူ့တော်လှန်ရေး ရဲဘော်တွေ ထိခိုက်မှု့တစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

The Tanintharyi Times