ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြည်တော်ပြန်ဝင်ပြီး နေ့တွင်းချင်း ဆေးရုံတက်ရ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြည်တော်ပြန်ဝင်ပြီး နေ့တွင်းချင်း ဆေးရုံတက်ရ

ထိုင်းဝန်ကြီးဟောင်းသက်ဆင်ဟာ ထိုင်းနိုင်ငံကိုပြည်တော်ပြန်ဝင်ပြီး နေ့တွင်းချင်း ဆေးရုံတက်ခဲ့ရတယ် လို့ ရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။

ပြည်ပမှ၁၇ နှစ်ကြာာနေထိုင်ပြီး မနေ့မနက်တုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကို ပြန်လည်ရောက်ရှိလာတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ အကျင့်ပျက်ချစားမှုနဲ့ သက်ဆိုင်တဲ့ အမှု ၃ မှုနှင့်ပတ်သက်ပြီး တရားရုံးက ထောင်ဒဏ် ၈ နှစ်ချမှတ်ခံရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရပြီး ညတွင်းချင်း အကျဉ်းထောင်ဆေးရုံ ကို ပို့ဆောင်ခဲ့ရတယ် လို့ ရိုက်ဝာာ သတင်းဌာနကဖော်ပြထားပါတယ်။

သက်ဆင်‌အကျဉ်းထောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့အကြောင်း ဒီကမေ့မနက် ၉ နာရီ အချိန်မှာ ထိုင်းအကျဉ်းဦးစီးဌာန က မီဒီယာတွေ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးစစ်ဆေးချက်‌တွေအရ သက်ဆင်မှာ

နှလုံးနဲ့ အဆုတ်ရောဂါများအပါအဝင် ရောဂါ ၅ ခုအထိ ခံစားနေရပြီး လို့ အကျဉ်းဦးစီးဌာန က ထုတ်ပြန်ထားပါတယ်။

သက်ဆင်ဟာ မနေ့က လွတ်‌တော်မှာထိုင်းဝန်ကြီးချုပ်မဲခွဲ ရွေးချယ်မယ့် နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဘန်ကောက်မြို့ ဒွန်းမောင်းလေဆိပ်ကနေ ပြည်တော်ပြန်ဝင်လာတာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်မဲပေးရွေးချယ်ပွဲမှာတော့ သက်ဆင်ရဲ့ သမီး ဖြစ်သူဦးဆောင်တဲ့ ဖွေ့ထိုင်းပါတီကညွန့်ပေါင်းအဖွဲ့က အိမ်ခြံမြေစီးပွားရေး လုပ်ငန်းရှင် စေထာ ထဝိစင် (Srettha Thavisin) ကို ဝန်ကြီးချုပ်အဖြစ်တင်မြောက်ခဲ့တာဖြစ်ပါတယ်။

ကိုးကား – ရိုက်ဝာာ

The Tanintharyi Times