ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြည်တော်ပြန်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြည်တော်ပြန်

ဓာတ်ပုံ - Bangkok Post

ထိုင်းနိုင်ငံကနေ ၁၅ နှစ်ကြာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဒီနေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံကိုပြန်လည် ဝင်ရောက်လာပါတယ်။

သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ စင်ကာပူနိုင်ငံကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို အခုမနက်နံနက် ၉ နာရီမှာ ဆိုက်ရောက်လာတာဖြစ်ပြီး သူ့ကို ထောက်ခံတဲ့သူအများအပြားကလည်း လေဆိပ်မှာ စောင့်ကြိုနေကြပါတယ်။

အစောပိုင်းသတင်းတွေအရ သက်ဆင်ဟာဖမ်းဝရမ်းထုတ်ခံထားရတဲ့အမှုတွေအတွက် နိုင်ငံတွင်းကိုပြန်ရောက်တဲ့နေ့မှာပဲ တရားရုံးချုပ်ကိုသွားပြီး သူ့မျက်ကွယ်ချမှတ်ခံထားရတဲ့ အမှုတွေအတွက်အပြီးသတ်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီနေ့ဟာ သက်ဆင်ရဲ့သမီးဖြစ်သူ ပေထုံထန်ရှင်နာဝပ်ရဲ့ ဖွေထိုင်းပါတီ (PTP) ပါတီ ဝန်ကြီးချုပ်လောင်းတင်သွင်းပြီး မဲခွဲဆုံးဖြတ်မယ့်နေ့လည်းဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၂၀၀၆ ခုနှစ်၊ ထိုင်းစစ်တပ်အာဏာသိမ်းမှုအပြီးမှာ ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံခဲ့ရပြီး ရာဇဝတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်ရကာ၂ နှစ်အကြာမှည ထိုင်းနိုင်ငံက တိမ်းရှောင် ခဲ့တာဖြစ်ပါတယ်။

ကိုးကား – Bangkok post၊ Thai Enquirer

The Tanintharyi Times