နွေဦးတက္ကသိုလ်မှာ မွန်နဲ့ ကရင်ဘာသာစကား တန်းခွဲအသစ် အခုလစမယ်

နွေဦးတက္ကသိုလ်မှာ မွန်နဲ့ ကရင်ဘာသာစကား တန်းခွဲအသစ် အခုလစမယ်

အခုလအတွင်း တိုင်းရင်းသား ဘာသာစကားတန်းခွဲအသစ်တွေကို နွေဦးတက္ကသိုလ်က ဖွင့်ဖို့ ရှိနေပါတယ်။

ဖွင့်မဲ့ အတန်းတွေက

◉ မွန်အခြေခံဘာသာစကား ( Mon Basic Class )

◉ ကချင်ဘာသာစကား အခြေခံသင်တန်း

◉ ရခိုင်ဘာသာစကားအခြေခံသင်တန်း

◉ ရှမ်းဘာသာစကားအခြေခံသင်တန်း

◉ ရှမ်း (Shan Pre-Intermediate Class)

◉စကောကရင်ဘာသာစကားအခြေခံသင်တန်းတွေပါ။

ဒီသင်တန်းတွေကို ဘယ်သူမဆိုတက်ရောက်နိုင်ပြီး အတန်းပညာအရည်အချင်းနဲ့ အသက် ကန့်သတ်ထားတာ မရှိပါဘူး။

◉ မွန်အခြေခံဘာသာစကား ( Mon Basic Class )

အခုလ၊ ဩဂုတ် (၁၇) ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး သင်တန်းကာလက (၆) ပတ်ခန့်ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းကြေးက ကျပ်သုံးသောင်း ပါ။သင်တန်းအချိန်က ည ၇ နာရီကနေ ၉ နာရီအထိ ဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူတွေ ဒီကနေ စာရင်းပေးသွင်း နိုင်ပါတယ်။ Registration Link-

◉ စကောကရင်ဘာသာစကားအခြေခံသင်တန်း

အခုလ၊ ဩဂုတ် (၁၅) ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး သင်တန်းကာလ (၈) ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။သင်တန်းကြေးက ကျပ်သုံးသောင်း ပါ။ သင်တန်းအချိန်က ည၆ နာရီခွဲကနေ ၈ နာရီခွဲ ဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူတွေ ဒီကနေ စာရင်းပေးသွင်း နိုင်ပါတယ်။ Registration Link-

မွန်ဘာသာစကား- https://ee.humanitarianresponse.info/single/HPVKb9Ul?returnUrl=https://t.me/+uw1VUsUwgyZhOGI1

စကောကရင်ဘာသာစကား – https://ee.humanitarianresponse.info/single/yiLknTKq?returnUrl=https://t.me/+uw1VUsUwgyZhOGI1

ဒီအတန်းတွေကို နွေဦးတက္ကသိုလ်ရဲ့ School of Ethnic Languages and Cultures ‌ကျောင်းခွဲကနေ ဖွင့်လှစ်သင်ကြားနေတာပါ။

The Tanintharyi Times