စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး တာဝန်ရပ်စဲခံရ
စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး တာဝန်ရပ်စဲခံရ
ရန်ကုန်တိုင်းအစိုးရရဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သန်းဦးကို ယခုလ ၁၀ ရက်နေ့က တာဝန်ရပ်စဲလိုက်ပြီလို့ စစ်ကောင်စီက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
တာဝန်ကနေရပ်စဲခံရတဲ့ ဦးအောင်သန်းဦး ဟာ မတ်လကတည်းက ဖမ်းဆီး စစ်ဆေးခံနေရတာဖြစ်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဖမ်းထားတာမဟုတ်ဘဲ ခေါ်ယူစစ်ဆေးမေးမြန်းနေတာသာဖြစ်တယ်လို့ မီဒီယာတချို့ကို ဖြေကြားထားပါတယ်။
ရန်ကုန်တိုင်း မြေလွတ်မြေရိုင်းတွေ လျှောက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးအောင်သန်းဦးကိုဖမ်းဆီးစစ်ဆေးနေတာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဦးအောင်သန်းဦးဟာ ယခင်က မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးကိုလည်း ဇန်နဝါရီလ ၃၁ ရက်နေ့ က အနားပေးခဲ့ပါတယ်။
The Tanintharyi Times
