ရွှေ့ပြောင်းအလုပ်သမားကားတွေကို ထားဝယ်-ထီးခီးလမ်းအသုံးခွင့်အကန့်အသတ်မရှိပိတ်လိုက်တယ်လို့ PDF အဖွဲ့တစ်ခုထုတ်ပြန်
ရွှေ့ပြောင်းအလုပ်သမားကားတွေကို ထားဝယ်-ထီးခီးလမ်းအသုံးခွင့်အကန့်အသတ်မရှိပိတ်လိုက်တယ်လို့ PDF အဖွဲ့တစ်ခုထုတ်ပြန်
ထိုင်းနိုင်ငံကိုသွားရောက်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေ ပို့ဆောင်တဲ့ကားတွေကို ထားဝယ်-ထီးခီးလမ်းအသုံးပြုခွင့် အကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Eastern Defense Force က ထုတ်ပြန်ပါတယ်။
လမ်းမှာစစ်ဆေးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ဦးသေနတ်နဲ့ပစ်ခတ်တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီးနောက် အခုလိုထုတ်ပြန်လိုက်တာပါ။
စစ်ကောင်စီတပ်တွေဟာ ထားဝယ်-ထီးခီးလမ်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ရောနှောလိုက်ပါတာတွေ၊ မြေသယ်ကား၊ ကြက်သွန်နီကားတွေမှာလိုက်ပါတာတွေနဲ့ အိမ်စီးကားအသုံးပြုသွားလာတာတွေရှိနေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
The Tanintharyi Times
