တနင်္သာရီမှာ စစ်ကောင်စီတပ်နဲ့ PDF တွေတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃ ဦးသေ
တနင်္သာရီမှာ စစ်ကောင်စီတပ်နဲ့ PDF တွေတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃ ဦးသေ
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က သာရဘွင်ကျေးရွာအရှေ့ကမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေနဲ့ ဒီနေ့ နံနက် ၉ နာရီဝန်းကျင်က စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေ ၃ နာရီခွဲဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ကနေသိရပါတယ်။
စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အတွက် ယာယီစခန်းတစ်ခုဖျက်ဆီးခံခဲ့ရပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အချက်ရေ ၈၀ ကျော်ပစ်ခတ်ခဲ့တဲ့အတွက် အနီးတစ်ဝိုက်ကျေးရွာတွေက ဒေသခံ ၆၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ နေအိမ်တွေကိုရိုက်ဖျက်တာတွေလုပ်ဆောင်ခဲ့ပြီး တွေ့သမျှလူတွေကိုပစ်သတ်မယ်လို့ခြိမ်းခြောက်တာတွေလည်းရှိနေပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ တကူကျေးရွာမှာတပ်စွဲထားတယ်လို့သိရပါတယ်။
The Tanintharyi Times
