မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးတွေ ကျန်သိန်း ၂သောင်းကျော်ဖိုး ဖမ်းမိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးတွေ ကျန်သိန်း ၂သောင်းကျော်ဖိုး ဖမ်းမိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကြားက ရေဖြူမြို့နယ်၊ မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ ကျပ်သိန်း ၂သောင်းကျော်တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီမီဒီယာက သတင်းဖော်ပြပါတယ်။

အဆိုပါမူးယစ်ဆေးဝါးတွေကို အခုလ ၁၀ရက်နေ့ မွန်းတည့် ၁၁ နာရီလောက်မှာ မော်လမြိုင်ဘက်ကနေ ထားဝယ်ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ကားပေါ်မှာဖမ်းဆီးရမိခဲ့လို့ ဆိုပါတယ်။

စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က သတင်းရတာကြောင့်စစ်ဆေးချိန် ခြင်း ၆ လုံးနဲ့ထည့်လာတဲ့ WY ဆေးပြား ၁၀ ဒသမ ၃သိန်း နဲ့ Ice ၂ ကီလိုတို့ကိုတွေ့ရှိခဲ့တာလို့ ရေးသားထားပါတယ်။

စစ်ဆေးချက်အရ ၎င်းတို့ဟာ မူးယစ်ဆေးတွေကို ရန်ကုန်တိုင်းကနေ တနင်္သာရီတိုင်းအတွင်းကိုသယ်ဆောင်လာတာလို့သိရပါတယ်။

မူးယစ်ဆေးတွေနဲ့အတူ ယာဥ်မောင်းအပါအဝင်အမျိုးသား ၄ ဦးကိုလည်း ဖမ်းဆီးထားပြီး ကွင်းဆက်ပါဝင်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့သိရပါတယ်။

မလွဲတောင်စစ်ဆေးရေးဂိတ်ဟာ တနင်္သာရီတိုင်းမှာ အစစ်အဆေးအတင်းကျပ်ဆုံး စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သလို စစ်အာဏာသိမ်းပြီးချိန် စစ်ကောင်စီတပ်နဲ့ရဲတွေအဆိုပါစစ်ဆေးရေးဂိတ်မှာတပ်စွဲထား နေထိုင်နေတာပဲ ဖြစ်ပါတယ်။

The Tanintharyi Times