ကြုံသလေလေ
ကြုံသလေလေ
အခုအချိန်အထိ သူ စကားတစ်ခွန်းမှ မပြောသေးသလို လုံခြုံရေးကို အနှောင့်အယှက်ပေးတဲ့ အပြုအမူမျိုးတွေကိုလည်း သူ မလုပ်မိပါဘူး။ အဲဒီနေရာလေးမှာပဲ ငြိမ်ပြီး နေနေတာပါ။
နားမလည်နိုင်အောင် ဖြစ်နေတဲ့သူ့ကို ထောင်ဝန်ထမ်းဟာ ခြေထောက်နဲ့ ရွယ်ပြန်ပါတယ်။
“ဒါ ထောင်ကွ၊ မင်း ခေါင်းကို ငုံ့ထား” လို့ ဒေါသတကြီး ပြောပြန်ပါတယ်။
ဒီတော့မှပဲ ပြဿနာကို သူ သိသွားပါတယ်။ ခေါင်းငုံ့မထားတာဟာ အပြစ်ကြီးတစ်ခုမှန်း ထောင်ကို စရောက်တဲ့နေ့မှာပဲ သူ သဘောပေါက်ခဲ့ရပါတယ်။ စရောက်ရောက်ချင်း အခြေအနေကတော့ မကောင်းလှပါဘူး။
The Tanintharyi Times