လောင်းလုံးမြို့ပေါ်မှာ ပျူစောထီးတွေဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေ
လောင်းလုံးမြို့ပေါ်မှာ ပျူစောထီးတွေဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေ
လောင်းလုံးမြို့ပေါ်မှာ ပျူစောထီးတွေဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ ပေါ်ပေါ်ထင်ထင်ပြုလုပ်လာနေတယ်လို့ လောင်းလုံးမြို့ခံတွေထံကသိရပါတယ်။
အဲဒီလောင်းကစားဝိုင်းတွေဟာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းကစတင်ပြုလုပ်နေတာဖြစ်ပြီး ဒီနေ့အထိ အကြီးအကျယ်ပြုလုပ်နေတာလို့ဆိုပါတယ်။
လောင်းကစားဝိုင်းကိုဦးဆောင်သူကတော့ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးခေါင်းဆောင် မင်းသိန်းဆိုသူဖြစ်ပြီး သူနေတဲ့ (ဃ)ရပ်ကွက်အတွင်းမှာလည်းလောင်းကစားဝိုင်းတစ်ခုရှိတယ်လို့သိရပါတယ်။။
“တော်တော်လေးပေါ်ပေါ်ထင်ထင်ဖြစ်လာပါတယ်။ ပျူစောထီးခေါင်းဆောင်ကိုယ်တိုင်ကထောင်ပေးထားတာ။ အဲဒီကနေ သူကငွေပြန်ကောက်တာ။ အခုက တခြားမြို့နယ်ကလူတွေတောင် လောင်းကစားဝိုင်းဘယ်နားရှိလဲလို့လှမ်းမေးတာတွေရှိလာတယ်။ ဘာလောင်းကစားတွေပါလည်း သေချာမသိပေမယ့် ဖဲဝိုင်းကတော့အဓိကပဲ” လို့လောင်းလုံးမြို့ခံတစ်ဦးကပြောပါတယ်။
အဲဒီလောင်းကစားဝိုင်းတွေမှာ လူဆယ်ပေါင်းများစွာရှိပြီး အများစုကအမျိုးသားတွေဖြစ်တယ်လို့သိရပါတယ်။
လောင်းလုံးရဲစခန်းကရဲနဲ့ စစ်ကောင်စီတပ်သားတွေလည်း အဲဒီလောင်းကစားဝိုင်းကိုသွားရောက်ကစားတယ်လို့ပြောဆိုချက်တွေရှိပေမယ့် အဲဒီအပေါ်မှာ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ထားဝယ်ခရိုင်မှာ လောင်းကစားဝိုင်းတွေ မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက အကြိမ်ကြိမ်သတိပေးထားပါတယ်။
The Tanintharyi Times
