မြိတ်ကိုသွားတဲ့ စစ်ယာဉ်တန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရဟု တောကြီးမြွေဟောက်အဖွဲ့ ထုတ်ပြန်

မြိတ်ကိုသွားတဲ့ စစ်ယာဉ်တန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရဟု တောကြီးမြွေဟောက်အဖွဲ့ ထုတ်ပြန်

ထားဝယ်ဘက်ကနေ မြိတ်ဘက်ကို ထွက်ခွါလာတဲ့ ကား ၁၃ စီးပါ စစ်ယာဥ်တန်းကို နှစ်ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တောကြီး မြွေဟောက်အဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က နေ့လည် ၃ နာရီဝန်းကျင်မှာ မင်းထိန်ရွာနဲ့ ပဝတ်ကုန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ် တောကြီး မြွေဟောက်အဖွဲ့က ဖော်ပြထားပါတယ်။

တိုက်ခိုက်ခံရတဲ့ အဆိုပါယာဥ်တန်းဟာ ည ၁၀ နာရီခွဲဝန်းကျင်မှာလည်း စက်တော်ရာရွာအနီးမှာ ပဒေသာမိုင်းနဲ့ ဆက်လက်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကား ၂ စီးထိခိုက်ပျက်စီးကာ စစ်သား ထိခိုက်သေဆုံးရှိခဲ့ပေမဲ့ အတိအကျကိုတော့အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တောကြီးမြွေဟောက်အဖွဲ့နဲ့ ဗိုလ်ခေါင်းဖြူစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

၎င်းစစ်ယာဥ်တန်းဟာ ပုလောမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကို မင်းထိန်ရွာအနီးမှာလည်း ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

The Tanintharyi Times