ရှေ့တန်းစခန်းက PDF ရဲဲဘော်တွေကို NUGရဲ့ ယာယီသမ္မတဒူဝါလရှီးလ သွားရောက်ကြည့်ရှုပြီး ဂုဏ်ပြုအားပေးစကားပြောကြား
ရှေ့တန်းစခန်းက PDF ရဲဲဘော်တွေကို NUGရဲ့ ယာယီသမ္မတဒူဝါလရှီးလ သွားရောက်ကြည့်ရှုပြီး ဂုဏ်ပြုအားပေးစကားပြောကြား
NUG ယာယီသမ္မတ ဒူဝါလရှီးလဟာ ရှေ့တန်းစခန်းတစ်နေရာက PDF ရဲဘော်တွေကို မေလ (၂၄) ရက်နေ့က သွားရောက်ကြည့်ရှုပြီး ဂုဏ်ပြုအားပေးစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
ယာယီသမ္မတဟာ ရှေ့တန်းစခန်းရှိ PDF ရဲဘော်တွေနဲ့ တွေ့ဆုံရာမှာ ဂုဏ်ပြုစကားနဲ့ တခြားလိုအပ်တာတွေကို ဆွေးနွေးမှာကြားခဲ့ပြီး မေးခွန်းတွေကိုရင်းရင်းနှီးနှီးပြန်ဖြေကြားခဲ့တယ်လို့သိရပါတယ်။
ယာယီသမ္မတနဲ့ အဖွဲ့ဟာ စစ်စခန်းတွင်း အခြေအနေတွေ PDF စစ်သည်တော်တွေရဲ့ လိုအပ်ချက်နဲ့ စားဝတ်နေရေး အခြေအနေတွေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက်မှာ PDF ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်နေမှုတွေကို ကြည့်ရှုစစ်ဆေးတာနဲ့ အလေးပြုနှုတ်ဆက်မှုကိုခံယူတာတွေပြုလုပ်ခဲ့ပြီး စခန်းမှ ပြန်လည် ထွက်ခွာခဲ့တယ်လို့သိရပါတယ်။
The Tanintharyi Times
