မော်လမြိုင်အနီး အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည်ဆောက်ရေး လေ့လာဆန်းစစ်ရန် တင်ဒါခေါ်

မော်လမြိုင်အနီး အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည်ဆောက်ရေး လေ့လာဆန်းစစ်ရန် တင်ဒါခေါ်

MawLaMyaing

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှာ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အိတ်ဖွင့်တင်ဒါ ခေါ်ထားပါတယ်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန် ခေါ်ယူထားတဲ့ တင်ဒါဖိတ်စာအရ အဲဒီဆိပ်ကမ်းတည်ဆောက်ဖို့ လေ့လာရမယ့်နေရာက မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းရွာနဲ့ ဝဲကလိရွာကြား အနီးနားလို့ ဆိုပါတယ်။

ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုအတွက် အတွေ့အကြုံရှိပြီး စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေအနေနဲ့ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်မှာ တင်ဒါပုံစံဝယ်ယူပြီး ဇွန်လ ၉ ရက်နောက်ဆုံးထား တင်ဒါသွင်းရမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဝန်ကြီးဌာနရဲ့ ကြေညာချက်အရ အဲဒီဆိပ်ကမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေနဲ့ တည်ဆောက်မယ်လို့ ဆိုထားပြီး မွန်ပြည်နယ်နဲ့ မော်လမြိုင်မြို့ ဖွံ့ဖြိုးရေး အထောက်အကူပြုဖို့လည်း ရည်ရွယ်တယ်လို့ သိရပါတယ်။

The Tanintharyi Times

ကိုးကား – China.org