NUG ကထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို တော်လှန်ရေးရဲဘော်တွေ ဦးထိပ်တင်ကြဖို့ ထားဝယ်ထောင်ကနိုင်ကျဥ်းတွေ တောင်းဆို
NUG ကထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို တော်လှန်ရေးရဲဘော်တွေ ဦးထိပ်တင်ကြဖို့ ထားဝယ်ထောင်ကနိုင်ကျဥ်းတွေ တောင်းဆို

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ရဲဘော်တွေအနေနဲ့ NUGကထုတ်ပြန်တဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ လမ်းညွှန်ချက်တွေနဲ့ စည်းမျဥ်းစည်းကမ်းချက်တွေကို ဦးထိပ်တင်ပြီး အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်ပေးကြဖို့ ထားဝယ်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုလိုက်ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အဓိကအနှစ်သာရမှာ လက်နက်မရှိသူတွေကို လက်နက်ရှိသူတွေကကြောက်ရွံ့နေရမယ့် ဖက်ဒရယ်ဒီမိုကရေစီ လူ့ဘောင်သစ်နိုင်ငံတော်ကို တည်ထောင်ကြဖို့ ဖြစ်တယ်လို့လည်း ထုတ်ပြန်ရေးသားထား ပါတယ်။
စစ်အာဏာရှင်လက်ပါးစေ အဖွဲ့အစည်းတွေဟာ နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေကြသူတွေရဲ့ မိသားစုတွေကို အသက်အန္တရာယ်အရ ခြိမ်းခြောက်အကျပ်ကိုင်လျှက်ရှိနေတာကိုလည်း ကြားသိရတယ်လို့ ထားဝယ်နိုင်ကျဥ်းတွေကဆိုပါတယ်။
အသက် ၆၀ ကျော် ဒူးရင်းသီးသည် ဒေါ်ညွန့်လှိုင်ကို စစ်အာဏာရှင်လက်ပါးစေတွေက အများပြည်သူမြင်ကွင်းရှေ့မှာ မေလ၂၄ရက်နေ့က ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်ခဲ့ကြောင်း ကြားသိရတာကြောင့် ထိတ်လန့်ဝမ်းနည်းကြေကွဲရကြောင်းကိုလည်း ရေးသားထားပါတယ်။
ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသားတွေဟာ မတရားအကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်၊ ရှုံ့ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
The Tanintharyi Times