“Introduction to Humanity” သင်တန်း

“Introduction to Humanity” သင်တန်း

MAI-Myanmar က “Introduction to Humanity” အပတ်စဉ် (၁) သင်တန်းကို လာမယ့်လ အောက်တိုဘာ (၁၅) ရက်နေ့မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ လူသားဆန်မှု အလေ့အထကို ပိုမိုထွန်းကားလာစေဖို့ ရည်မျှော်ပြီး MAI က သင်တန်းကို ဖွင့်လှစ်ပို့ချသွားမယ်လို့ ဆိုပါတယ်။

ဒီသင်တန်းက ၂ လကြာပါမယ်။

သင်တန်းအတွက် အောက်ဖော်ပြပါ Registration Form နဲ့ လျှောက်ထားနိုင်ပါပြီ။

https://forms.gle/xq3NUw1FYW1V513f8

“ဘယ်သူတွေ သင်မှာလဲ”

Dr. Wai Yan Linn (CDM Professor) Department of Philosophy (University of Yangon) က

ဦးဆောင်သင်ကြားသွားမှာ ဖြစ်ပါတယ်။

“ဘယ်သူတွေ တက်ရောက်နိုင်လဲ”

မြန်မာနိုင်ငံအတွင်းက humanity နဲ့ပတ်သက်ပြီး သုတေသန ပြုလုပ်ဆောင်ရွက်နေသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ စိတ်ပါဝင်စားသူလူငယ်တွေ (အခမဲ့) တက်ရောက်နိုင်ပါတယ်။

အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ထားသူများ တက်ရောက်နိုင်ပါတယ်။

ဘာသာရပ်ပိုင်းဆိုင်ရာ စာပေတွေကို English လိုသာလျှင် ဖတ်ရှုလေ့လာကြရမှာဖြစ်သည့်အတွက် အနည်းဆုံး Pre- Intermediate (English) Level ရှိရမှာဖြစ်ပါတယ်။

“သင်ကြားချိန်”

ရက်သတ္တပတ်လျှင် သင်တန်းရက် (၂) ရက်

(စုစုပေါင်းသင်တန်းချိန် – ၁၆ ချိန်) ကြာမြင့်မှာဖြစ်ပါတယ်။

စနေ၊ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညနေ ( ၆ ) နာရီမှ ( ၈ ) နာရီထိ မပျက်မကွက် ပုံမှန်တက်ရောက်နိုင်သူတွေ ဖြစ်ရပါမယ်။

အတန်းချိန်တိုင်းမှာ တက်ကြွစွာပါဝင်ဆွေးနွေးနိုင်ရမှာဖြစ်ပြီး၊ တစ်ဦးချင်းစီနဲ့ အုပ်စုငယ်အလိုက်

အတွက် Presentation (PowerPoint) တွေနဲ့ Assignment တွေတို့ကို (မပျက်မကွက်) ပြုလုပ်ကြရမှာဖြစ်ပါတယ်။

🚨 အထူးသတိပြုရန် 🚨

– အတန်းချိန်အားလုံး၏ (80%) မပျက်မကွက် တက်ရောက်ရပါမယ်။

– တစ်ဦးချင်းနဲ့ အဖွဲ့လိုက် Assignment တွေကို မပျက်မကွက် ပြုလုပ်ရပါမယ်။

– Final Test Exam မဖြစ်မနေ ဖြေဆိုကြရပါမယ်။

အထက်ပါ လုပ်ဆောင်ချက် (၃) ခုရဲ့ ရမှတ်တွေကို အခြေခံတွက်ချက်ပြီး Grade (A+, A, အဖြစ်ဖော်ပြပြီး Certificate of Completion ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

အောင်မှတ် မရရှိသောသူတွေကို Certificate of Participation လက်မှတ်သာလျှင် ထုတ်ပေးသွားမှာပါ။

“ဘယ်လို သင်မှာလဲ”

Zoom application နဲ့ LIVE sessions သင်ကြားပေးမှာဖြစ်ပါတယ်။

တက်ရောက်လိုသူအနေနဲ့ လျှောက်လွှာဖောင်ကို အောက်တိုဘာလ (၁၀)ရက်‌နေ့၊ မြန်မာစံတော်ချိန် ညနေ ( ၆ )နာရီ နောက်ဆုံးထားပြီး ပြည့်စုံမှန်ကန်စွာဖြည့်သွင်းရပါမှာ ဖြစ်ပါတယ်။

(အချက်အလက်မပြည့်စုံသောသူတွေကို ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ)

မှတ်ချက်

~~~~~~

အောက်တိုဘာလ ( ၁၁ ) ရက်နေ့တွင် Pre Selection ရွေးချယ်ခံရသူများကို အကြောင်းကြားစာနဲ့အတူ Placement Test Form တို့ကို ပူးတွဲ၍ Email ပေးပို့အကြောင်းကြားသွားမှာဖြစ်ပါတယ်။

မိမိတို့ရဲ့ Email တွင် Inbox / All Mail / Spam တို့ကို သေချာစွာ ကြည့်ရှုဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

အောက်တိုဘာလ ( ၁၃ ) ရက်နေ့မှာ Placement Test အောင်မြင်သူတွေကို Email ပေးပို့အကြောင်းကြားသွားပါမှာ ဖြစ်ပြီး၊ ယင်း Email တွင် Introduction to Humanity (Batch 1 /2022) Telegram Group link နဲ့ သင်တန်းတက်ရောက်ဖို့အတွက် Zoom Registration link တို့ကို ပူးတွဲပေးပို့အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ( ၁၅ ) ရက်နေ့ (စနေနေ့) ညနေ ၆ နာရီ (မြန်မာစံတော်ချိန်)မှာ အတန်းကို စတင်ဖွင့်လှစ်သွားမှာပါ။

စည်းကမ်းချက်များ

~~~~~~~~~~~~~

– သင်တန်းတက်ရောက်ခွင့်ရသူသည် အတန်းချိန် အနည်းဆုံး ၈၀% ပြည့်မှီဖို့ လိုအပ်ပါတယ်။

– စာသင်ချိန်တွေကို ၃ ချိန်ထက် ပိုမို ပျက်ကွက်ခွင့် မပေးပါ။

– ကျောင်းခေါ်ချိန်ပြည့်မှီပြီး သင်တန်းဆရာမှ ပေးအပ်သော Assignment တွေနဲ့ စာတမ်းတို့ကို ဆရာသတ်မှတ်ထားတဲ့ပုံစံနဲ့ တစ်ဦးချင်း (သို့) အုပ်စုငယ်အလိုက် ပြုလုပ်အောင်မြင်ပြီးမှသာလျှင် အသိအမှတ်ပြု Certificate ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

🚨 အကျိုးအကြောင်း ဆီ‌လျော်မှုမရှိဘဲ သင်တန်းမှ ရုတ်တရက် နှုတ်ထွက်သွားပါက MAI မှ ဖွင့်လှစ်သော သင်တန်းတွေ ၊ Activities နဲ့ MAI တွင် ပါဝင်လုပ်ဆောင်ခွင့် စသည်တို့အား တားမြစ်ပိတ်ပင်သွားမယ်လို့ သတိပေးထားပါတယ်။ 🚨

အသေးစိတ်သိရှိလိုပါက MAI ရဲ့ Facebook Page message box (သို့) mai.trainingunit@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Education and Capacity Building Unit

Minority Affairs Institute – MAI (Myanmar)

Website- https://www.maimyanmar.org

Email – mai.myanmar@protonmail.com

YouTube – https://youtube.com/channel/UCnf8f0jZspQRPwWX6g541dg

The Tanintharyi Times