ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ကိုရာထူးကအပြီးသတ်ဖယ်ရှားဖို့ ခုံရုံးဆုံးဖြတ်

ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ကိုရာထူးကအပြီးသတ်ဖယ်ရှားဖို့ ခုံရုံးဆုံးဖြတ်

ရာထူးက ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန်ရှင်နာဝပ်ကို ရာထူးကနေ အပြီးသတ်ဖယ်ရှားဖို့ ထိုင်းအခြေခံဥပဒေခုံရုံးက စီရင်ချက်ချမှတ်လိုက်ပါတယ်။

ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန် နဲ့ တယ်လီဖုန်းပြောဆိုတဲ့ အသံဖိုင်ထဲက စကားတွေဟာ ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ ထိုင်းအခြေခံဥပဒေကိုချိုးဖောက်ခဲ့တာကြောင့် အခုလိုရာထူးရပ်နားဖို့ ဆုံးဖြတ်ခဲ့တာလို့ ခုံရုံး ရဲ့ပြောကြားချက်ကိုကိုးကားပြီး ထိုင်းသတင်းတွေကဖော်ပြပါတယ်။

ဖယ်ထုံတန် နိုင်ငံရဲ့ အကျိုးစီးပွားထက် ကိုယ်ရေးကိုယ်တာအကျိုးစီးပွားကို ပိုမိုလုပ်ဆောင်ခဲ့တယ်လို့ စစ်ဆေး တွေ့ရှိတာကြောင့် အခုလို ဖယ်ရှားဖို့ ခုံရုံးက ဆုံးဖြတ်တာဖြစ်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ဖယ်ထုံတန် ဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း အခြေခံဥပဒေခုံးရုံး က ဖယ်ရှားလိုက်တဲ့ ငါးယောက်မြောက်ဝန်ကြီးချုပ်အဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

အသက် ၃၉ နှစ်အရွယ် ဖွေ့ထိုင်းပါတီခေါင်းဆောင် ဖယ်ထုံတန် ဟာ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်ကို ပြန်လည်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ ထိုင်းဝန်ကြီးချုပ်တစ်ဦးအနေနဲ့ ကျင့်ဝတ်ဆိုင်ရာ စံနှုန်းတွေကိုလိုက်တာဖို့ ပျက်ကွက်ခဲ့တယ်လို့လည်းဆိုပါတယ်။

လစ်လပ်သွားတဲ့ ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် ရေပန်းစားနေတဲ့ နိုင်ငံရေးသမား ငါးဦးရှိတယ်လို့ ထိုင်း သတင်းတွေကဖော်ပြနေကြပါတယ်။

အဲ့ဒီထဲမှာ ယခင် စစ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ် ချန်အိုချာ၊ ဖက်ဖွန်ကြိုင်ထိုင်း ပါတီ ခေါင်းဆောင် အနုတင်နဲ့ ဖွေ့ထိုင်းပါတီက ချိုင်ကဆမ် နီတိစီရီ တို့ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဖယ်ထုံတန် ဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ ဝန်ကြီးချုပ်ရာထူးရယူခဲ့တာဖြစ်ပြီး ၉ လအကြာမှာပဲ ဝန်ကြီးချုပ်ရာထူးဆိုင်းငံ့ ခံရကာ ဝန်ကြီးချုပ်သက်တမ်းတစ်ပြည့်ချိန်မှာတော့ ရာထူးက ပြီးသတ်ရပ်နားခံလိုက်ရတာဖြစ်ပါတယ်။

ဖယ်ထုံတန်ရှင်နာဝပ် ဟာ ပြီးခဲ့တဲ့ ဧပြီလက ထိုင်းနိုင်ငံမှာကျင်းပတဲ့ ဘင်းစတက်နိုင်ငံတွေရဲ့ ညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့သူလည်းဖြစ်ပါတယ်။

ကိုးကား – Khaosod English

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times