ထားဝယ်မြို့နယ်အတွင်းက လမ်းပိုင်းသုံးနေရာကို ညနေ ၆နာရီနောက်ပိုင်းအသုံးမပြုဖို့ ဥသြစစ်ကြောင်းသတိပေး

ထားဝယ်မြို့နယ်အတွင်းက လမ်းပိုင်းသုံးနေရာကို ညနေ ၆နာရီနောက်ပိုင်းအသုံးမပြုဖို့ ဥသြစစ်ကြောင်းသတိပေး

ထားဝယ်မြို့နယ်အတွင်းက လမ်းပိုင်းသုံးနေရာကို ညနေ ၆ နာရီနောက်ပိုင်း အသုံးအပြုဖို့ ထားဝယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းတစ်ခုဖြစ်တဲ့ ဥသြစစ်ကြောင်းက ဒီကနေ့ သတိပေးစာထုတ်ပြန်ပါတယ်။

ညဘက်အသုံးမပြုဖို့ ထုတ်ပြန်ထားတဲ့လမ်းတွေကတော့ မောင်မယ်ရှောင်-ရေဝိုင်းလမ်းပိုင်း၊ ပကာရီ-ရေဝိုင်းလမ်းပိုင်း နဲ့ ထားဝယ်-ထီးခီးလမ်းပိုင်းတို့ဖြစ်ပါတယ်။

အဲဒီလမ်းပိုင်းတွေကို ညနေ ၆ နာရီကနေ မနက် ၆နာရီအထိ မသွားလာကြဖို့ထုတ်ပြန်လိုက်တာဖြစ်ပြီး နောက်ထပ်တစ်စုံတစ်ရာမထုတ်ပြန်ခင်အထိလိုက်နာပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

ထားဝယ်အရှေ့တောဒေသရဲ့ စစ်ရေးအခြေအနေကြောင့် ပြည်သူတွေလုံခြုံရေးကိုရှေးရှုပြီးအခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နောက်ထပ်စည်းကမ်းချက်တွေအနေနဲ့ အမိုးအကာဖုံးအုပ်ပြီးသွားလာတာမပြုလုပ်ကြဖို့၊ မော်တော်ယာဥ်တွေမှန်ချမောင်းနှင်ကြဖို့၊ စစ်ကောင်စီနဲ့ဆက်စပ်တဲ့ထုတ်ကုန်တွေကိုမသယ်ဆောင်ကြဖို့ကိုလည်း ဥသြစစ်ကြောင်းက သတိပေးထားပါတယ်။

ဒါ့အပြင် အဲဒီလမ်းပိုင်းတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေကာစစ်ဆေးရင် ကြည်ကြည်ဖြူဖြူလက်ခံကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

တနင်္သာရီ-မောတောင်လမ်းပိုင်းကိုလည်း အခုရက်ပိုင်း နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတာကြောင့် မသွားလာကြဖို့ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတောင်းဆိုထားပါတယ်။

The Tanintharyi Times