ကြားကာလ ပညာရေးအဖွဲအစည်းတွေ အခမဲ့ ဝင်ရောက်လေ့လာနိုင်တဲ့ “Moodle course”

ကြားကာလ ပညာရေးအဖွဲအစည်းတွေ အခမဲ့ ဝင်ရောက်လေ့လာနိုင်တဲ့ “Moodle course”

တော်လှန်ရေးကာလမှာ ပညာမျှဝေရင်း စနစ်တကျ ကိုယ်တိုင် Moodle platform (Learning Management System) တည်ထောင်လိုတဲ့ ကြားကာလ ပညာရေးအဖွဲအစည်းတွေအတွက် Online Learning Platform တစ်ခုဖြစ်တဲ့ Moodle ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးတော့ Burma Academy ကနေ “Introduction to Moodle Administration” ဆိုတဲ့ သင်ခန်းစာကို Public access ဖွင့်ပေးထားပါတယ်။

ဒီသင်ခန်းစာမှာဆိုရင် –

Module 1 – Email, Domain & Hosting

Module 2 – Basic Site Administration

Module 3 – Courses & Categories

Module 4 – Users & Enrollments

Module 5 – Resources & Activities

Module 6 – Grading & Quiz

Module 7 – Tracking Students’ Progress တို့ကို ထည့်သွင်း သင်ကြားပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

“Introduction to Moodle Administration” သင်ခန်းစာက Self-paced သင်ခန်းစာဖြစ်တာမို့ အားလပ်ချိန်မှာ အဆင်ပြေသလို Burma Academy Website ပေါ်မှာ စိတ်ဝင်စားသူ မည်သူမဆို ဝင်ရောက်လေ့လာနိုင်ပါတယ်။

စိတ်ဝင်စားလို့လေ့လာချင်တယ်ဆိုရင် https://tinyurl.com/BA-MoodlePublic ကတဆင့် “အခမဲ့” ဝင်ရောက်လေ့လာနိုင်ပါပြီ။

The Tanintharyi Times