The Tanintharyi Times ၂ နှစ်ပြည့်အမှတ်တရ “သူတို့ ပြောစကား”

The Tanintharyi Times ၂ နှစ်ပြည့်အမှတ်တရ “သူတို့ ပြောစကား”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ သြဂုတ်လ ၂၈ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ The Taniintharyi Times သတင်းဌာနဟာ ဒီကနေ့မှာ ၂ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

သတင်း၊ သတင်းဆောင်းပါးတွေနဲ့ သုတ၊ ရသ စာပေတွေဖော်ပြနေတဲ့ The Tanintharyi Times တည်ရှိနေမှု အပေါ် စာဖတ်ပရိတ်သတ်တွေက ဘယ်လိုသဘောထား၊ အမြင်ရှိပါသလဲ။ ဘယ်လိုအချက်တွေကိုလည်း သတင်းဌာနအတွက် အကြံပြုထားပါသလဲ။

၂ နှစ်ပြည့် အမှတ်တရအစီအစဉ်အနေနဲ့ စာဖတ်ပရိတ်တွေနဲ့ တနင်္သာရီဒေသက အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေကို မေးမြန်းပြီး ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်။

ဒီရုပ်သံမှာကတော့ ထားဝယ်ဒေသက တနင်္သာရီမြို့နယ်က ပြည်သူတစ်ဦးဖြစ်တဲ့ ကိုဟိန်းရဲ့ အမြင်၊ အကြံပြုချက်တွေကို ဖော်ပြထားပါတယ်။

The Tanintharyi Times