ကော့သောင်းမြို့ ၄၈ မိုင်တိုင်အနီးမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကော့သောင်းမြို့ ၄၈ မိုင်တိုင်အနီးမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

Photo - ပုံအဟောင်းဖြစ်ပါတယ်။

ကော့သောင်းမြို့ကနေ ဘုတ်ပြင်းဖက်ကိုဦးတည်သွားနေတဲ့စစ်ကောင်စီယာဥ်တန်း ဒီကနေ့ မနက် ၈ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကော့သောင်းမြို့၊ ၄၈ မိုင်တိုင်အနီးမှာတိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး သုံးဦးထိခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်တပ်ကား အစီးရေနဲ့ ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ တနင်္သာရီတိုင်းမ် အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လွန်ခဲ့တဲ့ သုံးရက်ကလည်း ကော့သောင်းမြို့၊ မြို့နယ်တရားရုံးအနီး ကင်းလှည့်နေတဲ့ စစ်‌တပ်ကား(VIGO)တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

The Tanintharyi Times