ထိုင်း နဲ့ ကမ္ဘောဒီးယား အပစ်ရပ်ဖို့ သဘောတူ

ထိုင်း နဲ့ ကမ္ဘောဒီးယား အပစ်ရပ်ဖို့ သဘောတူ

ထိုင်း နဲ့ ကမ္ဘောဒီယားတို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား ဆွေးနွေးပွဲ ကနေချက်ခြင်း အပစ်ဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေ ကသဘောတူခဲ့တယ်လို့ ဆွေးနွေးပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ အန်ဝါ အီဗရာဟင်က ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မားနက် နဲ့ ထိုင်း ယာယီဝန်ကြီးချုပ် ပွန်သမ် ဝိချရာချိုင်း တို့ မလေးရှား နိုင်ငံ မှာဆွေးနွေးပွဲ လုပ်ဆောင်ခဲ့ပြီး အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှား ဝန်ကြီးချုပ်ကညှနှိုင်းသူ နေရာက ပါဝင်ခဲ့တာပါ။

ထိုင်းသတင်းဌာန Khaosod ကတော့ ၂၈ ရက် ညသန်းခေါင်အချိန်ကလို့ အပစ်အခတ်ရပ်ထားဖို့ သဘောတူခဲ့တာဖြစ်ဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးမှု အသေးစိတ်ကိုတော့ ထိုင်း နဲ့ ကမ္ဘောဒီယား ခေါင်းဆောင်တွေရော၊ မလေးရှားဝန်ကြီးချုပ်ပါ ထုတ်ပြောတာ မရှိသေးပါဘူး။

Connect Burma

The Tanintharyi Times