မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိကြောင်း ရေဖြူ (ပကဖ) သတင်းထုတ်ပြန်

မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိကြောင်း ရေဖြူ (ပကဖ) သတင်းထုတ်ပြန်

Yephyu-PDF
ဓာတ်ပုံ - ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးရာ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရေဖြူ (ပကဖ)က ထုတ်ပြန်ပါတယ်။

ရေဖြူမြို့နယ်မှာ ဇွန် (၂၅) ရက်က စစ်ဆေးတွေရှိ သိမ်းဆည်းခဲ့တဲ့ အဆိုပါ ICE (၁၁) တောင့် ပါဝင်တဲ့ အထုပ် (၂) ထုပ်၊ WY စိတ်ကြွဆေးပြား (၉၆) ပြား၊ 380 ကျည် သုံးတောင့်၊ လက်လုပ်သေနတ် တစ်လက်၊ ဟန်းဖုန်း (၂) လုံး တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပိုက်ဆံ (၁၃၁၆၅၀) ကျပ်ကို တော်လှန်ရေးရံပုံငွေအဖြစ် အသုံးပြုသွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကျူးလွန်သူတွေကို နောက်နောင် မူးယစ်ဆေးဝါးရောင်းဝယ်မှု့ ထပ်မလုပ်ဖို့ သတိပေးပြီး လွှတ်ပေးခဲ့တယ်လို့ ရေဖြူ (ပကဖ)က ထုတ်ပြန်ပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး အိမ်တစ်အိမ်ကို ဝင်ရောက် စစ်ဆေးရာ ကာလတန်ဖိုး ကျပ်သိန်းနှစ်ရာခန့် တန်ဖိုးရှိတဲ့ ICE တစ်တုံးကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေဖြူမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ၊ သုံးစွဲသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၃ ရက်ကလည်း ရေဖြူမြို့နယ်က မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို PDF တွေဝင်ရောက်ဖမ်းဆီးခဲ့ရာ ice နဲ့ WY စိတ်ကြွဆေးပြားတွေကို ငွေသား ကျပ်ကိုသိန်းကျော်နဲ့အတူ သိမ်းဆည်းရမိခဲ့ပါတယ်။

The Tanintharyi Times