စစ်ကောင်စီခန့် နဘုလယ်ဒေသ၊ မူးဒူးကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

စစ်ကောင်စီခန့် နဘုလယ်ဒေသ၊ မူးဒူးကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မူးဒူးအုပ်ချုပ်ရေးမှူးနေအိမ် မနေ့ညက မီးရှို့ခံခဲ့ရတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။
ည(၁၁)နာရီဝန်းကျင်မှာ မီးရှို့ခံခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က လာရှို့သွားတယ်ဆိုတာတော့မသိရသေးပါဘူး။ မီးရှို့ခံရတဲ့ နေအိမ်က အုတ်နဲ့ပျဉ်ထောင်စပ် နှစ်ထပ်အိမ်ဖြစ်ပြီး အပေါ်ထပ်အထိ မီးလောင်သွားခဲ့ပါတယ်။

အိမ်ပိုင်ရှင်ဖြစ်တဲ့ မူးဒူးအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းဟာ စစ်ကောင်စီလက်ထက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံထားရသူပါ။
ထိန်ကြီးရွာက ပျူစောထီးလို့နာမည်ကြီးသူ ဦးဉာဏ်ရည် အသတ်ခံရကတည်းက ဦးဆန်းဝင်းတို့တစ်မိသားစုလုံးရှောင်နေကြတာလို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့မတ်လ(၂၃)ရက်ကလည်း နဘုလယ်ဒေသ ပရဒတ်ရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးမင်းမင်းနေအိမ် မီးရှို့ခံခဲ့ရပါတယ်။