ကော့သောင်းက စစ်ကောင်စီတပ်စခန်းတစ်ခုကို KTLA နဲ့ ပူးပေါင်းတပ်တွေဝင်တိုက်
ကော့သောင်းက စစ်ကောင်စီတပ်စခန်းတစ်ခုကို KTLA နဲ့ ပူးပေါင်းတပ်တွေဝင်တိုက်

စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းရွာအနီးက စခန်းတစ်ခုကိုကော်သူးလေတပ်မတော်နဲ့ပူးပေါင်းတပ်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်၊ မနက် ၁၁ နာရီအချိန်မှာ KTLAနဲ့ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ် ၁မှ ပုလဲစစ်ကြောင်း တို့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း ၁ က ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ထုတ်ပြန်ထားပြီး ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းက ရဲဘော်တစ်ဦးကတော့ ဝမ်းဗိုက်ဘယ်ဘက်မှာ ကျည်ရှပ်ထိခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲဟာ အချိန် သုံးနာရီနီးပါးကြာမြင့်ခဲ့ပြီး ပူးပေါင်းတပ်တွေဘက်ကပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။
အခုလ ၂၁ ရက်နေ့ကလည်း ဝိုင်ဒင်းကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျေးရွာနေပြည်သူ ၁၃၀ ကျော် ထိုင်းဘက်မှာစစ်ရှောင်နေရပါတယ်။
The Tanintharyi Times