ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး စစ်တပ် နဲ့ AA ကို နိုင်ငံတကာက ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရပြော

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး စစ်တပ် နဲ့ AA ကို နိုင်ငံတကာက ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရပြော

နိုင်ငံတကာ အကူအညီတွေ လျော့နည်းလာတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အကျပ်အတည်းဆိုက်ရောက်နေပြီး ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းချက်တစ်ရပ် လိုအပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ အကြီးအကဲ အကြံပေးအရာရှိချုပ် ပါမောက္ခ ယူနွတ်စ်က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာအရေးဖြေရှင်းဖို့ စစ်တပ် နဲ့ အာရက္ခတပ်တော်တို့ကို နိုင်ငံတကာ အသိုက်အဝိုင်းက ဖိအားပေးရန် လိုအပ်နေတယ်လို့လည်း ပါမောက္ခ ယူနွတ်စ်ပြောကြားခဲ့ပါတယ်။

သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ ဘင်္ဂလားဒေ့ရှ် အစိုးရ အကြီးအကဲ အကြံပေးအရာရှိချုပ် ပါမောက္ခ ယူနွတ်စ်က အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ အကြီးအကဲယူနွတ်စ် ရဲ့ မိန့်ခွန်းထဲမှာ အာရက္ခတပ်တော် ကိုရည်ညွှန်းပြီး ရခိုင်ပြည်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းကိုလည်း နိုင်ငံတကာက ဖိအားပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်၁ ဒသမ ၃ သန်းခန့် ကို ဘင်္ဂလားဒေ့ရှ် က ခိုလှုံရာ နေရာပေးထားပေးထားတဲ့ အခုလို လက်ခံထားတာဟာ ၈ နှစ်နီးပါးရှိလာပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ အရှိန်မြင့်နေဆဲဖြစ်တာကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် အလားအလာနည်းပါးနေတယ်လို့ လည်းပြောပါတယ်။

“ ကျွန်တော် ဘေးခြင်းကပ် ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက်ကိုခြိမ်းခြောက်နေတယ်” လို့ ပါမောက္ခ ယူနွတ်စ်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း မြန်မာ စစ်တပ်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် နောက်ထပ် ဒုက္ခသည် တစ်သိန်းခွဲ ခန်ဟာလည်း ဘင်္ဂလားဒေ့ရှ် ကိုထပ်မံရောက်ရှိလာတယ်လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေ နဲ့ ရိုဟင်ဂျာ ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းဖို့ အချက် ၇ ချက်ပါ လမ်းပြမြေပုံကို ရေးဆွဲထားပြီး အဲ့ဒီမူဘောင်ကို နိုင်ငံတကာ အသိုက်အဝန်း က လက်ခံပေးဖို့ လည်း မိုဟာမက် ယူနွတ်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ဒေသတွင်းမှာ နက်ရှိုင်းတဲ့ စိုးရိမ်ပူပန်မှုတွေကို ဖန်တီးပေးနေတယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ကိုးကား – ရိုက်တာ

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times