နိုင်ငံသားသတင်းစာပညာ လက်စွဲ (၈)
နိုင်ငံသားသတင်းစာပညာ လက်စွဲ (၈)

ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားစရာများ
ကျင့်ဝတ်ဆိုင်ရာ ပြဌာန်းချက်တွေဟာ ပရော်ဖက်ရှင်နယ်သတင်းသမားတွေတင်မကပဲ CJ တွေပါ လိုက်နာကြရမှာ ဖြစ်ပါတယ်။
• ကိုယ်ရေးသားတဲ့သတင်းထဲက အချက်အလက်အကြောင်းအရာတွေဟာ အစစ်အမှန်တွေဖြစ်ဖို့ အာမခံကြရပါမယ်။
• ပုဂ္ဂိုလ်ရေး ချစ်ခင်မုန်းတီးမှုတွေကြောင့် သတင်းပညာကို အသုံးမချရပါဘူး။
• ကိုယ့်ရဲ့သတင်းပေးပို့မှုဟာ ပြည်သူ့အကျိုးစီးပွားအတွက် ဖြစ်ရပါမယ်။
• ငွေကြေးတန်စိုးလက်ဆောင်ရယူပြီး သတင်းရေးတာ (ဒါမှမဟုတ်) သတင်းမရေးတာမျိုး မလုပ်ရပါဘူး။
• သူများရေးတဲ့သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ခိုးယူသုံးစွဲခြင်း မပြုလုပ်ရပါဘူး။
• ကိုယ့်သတင်းကြောင့် အပြစ်မဲ့သူတဦးကို မထိခိုက်အောင် အတတ်နိုင်ဆုံး သတိထားရပါမယ်။
• ကလေးသူငယ်များနဲ့ ပက်သက်ရင် ထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါမယ်။
• သတင်းဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါ အလင်းအမှောင်နဲ့ Crop လုပ်တာကလွဲလို့ Software တွေသုံးပြီး ပြုပြင်ပြောင်းလဲမှု မပြုလုပ်ပါ။
• သတင်းရင်းမြစ်တွေကို ပေးထားတဲ့ကတိတွေကို ဘယ်တော့မှ မချိုးဖေါက်ရပါဘူး။
• ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် (Privacy)နဲ့ ပြည်သူ့အကျိုးစီးပွား (Public Interest)ကို ခွဲခြားနိုင်ရပါမယ်။ ပြည်သူ့အကျိုးစီးပွားနဲ့ မသက်ဆိုင်ရင် တခြားသူရဲ့ လွတ်လပ်ခွင့်ကို မထုတ်ဖော်ရပါဘူး။
ဖော်ပြခဲ့ပြီးတဲ့ နိုင်ငံသားသတင်းစာပညာ လက်စွဲပါ အကြောင်းအရာတွေ
နိုင်ငံသားသတင်းစာပညာ လက်စွဲ (၁) https://www.tntynews.com/2023/07/09/20839/
နိုင်ငံသားသတင်းစာပညာ လက်စွဲ (၂) https://www.tntynews.com/2023/07/16/21306/
နိုင်ငံသားသတင်းစာပညာ လက်စွဲ (၃) https://www.tntynews.com/2023/07/23/21939/
နိုင်ငံသားသတင်းစာပညာ လက်စွဲ (၄) https://www.tntynews.com/2023/07/30/22373/
နိုင်ငံသားသတင်းစာပညာလက်စွဲ (၅) https://www.tntynews.com/2023/08/06/22772/
နိုင်ငံသားသတင်းစာပညာ လက်စွဲ(၆) https://www.tntynews.com/2023/08/13/23244/
နိုင်ငံသားသတင်းစာပညာ လက်စွဲ(၇) https://www.tntynews.com/2023/08/20/23713/
The Tanintharyi Times