ဘန်ကောက်က မြန်မာသံရုံး နှစ်ရက်ပိတ်ထားမယ်

ဘန်ကောက်က မြန်မာသံရုံး နှစ်ရက်ပိတ်ထားမယ်

ဘန်ကောက်ရှိ မြန်မာသံရုံးကိုမနက်ဖြန်နဲ့ သဘက်ခါ နှစ်ရက်ပိတ်မယ်လို့ သံရုံးက စာထုတ်ပြန်ထားပါတယ်။

ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း H.M. King Maha Vajiralongkorns ရဲ့မွေးနေ့ဖြစ်တဲ့ မနက်ဖြန် ဇူလိုင် ၂၈ ရက်နေ့နဲ့ နောက်တနေ့ သောကြာကို ဆက်တိုက်ပိတ်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် သောကြာနေ့မှာ သံရုံးကိုလာရောက်ဖို့ တယ်လီဖုန်းနဲ့ တုံကင်နဲ့ ရက်ချိန်းကြိုတင်ယူထားသူတွေအနေနဲ့ တနင်္လာနေ့ ဩဂုတ် ၁ ရက်နေ့ မှ အစားထိုးလာရောက်ဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၈၈မျိုးဆက် ကိုဂျင်မီ၊ အန်အယ်လ်ဒီလွှတ်တော်အမတ်ဟောင်း ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်တဲ့လုပ်ရပ်ကို ရှုတ်ချတာနဲ့ ထိုင်းအစိုးရကို မြန်မာစစ်ကောင်စီနဲ့ မပတ်သက်ဖို့အတွက် ထိုင်းရောက်မြန်မာတွေက ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ကို မနေ့ကသွားရောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

The Tanintharyi Times