ဟိုတယ်ထားဝယ်လုပ်ငန်းက စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ငွေကြေးထောက်ပံ့နေ

ဟိုတယ်ထားဝယ်လုပ်ငန်းက စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ငွေကြေးထောက်ပံ့နေ

ပုံ - Justice for Myanmar

စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနဆီကနေ မြေနေရာကို နှစ် ၃၀ စီမံကိန်းနဲ့ငှားရမ်းလုပ်ကိုင်နေတဲ့ ဟိုတယ် ထားဝယ်လုပ်ငန်းဟာ အကြမ်းဖက်စစ်တပ်အတွက် ငွေကြေးထောက်ပံ့နေတဲ့ ဘဏ္ဍာငွေအရင်းအမြစ်ဖြစ်နေတယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

Hotel Dawei လုပ်ငန်းကိုလုပ်ကိုင်တဲ့ Star Sapphire Hotel Company Limited ဟာ လွန်ခဲ့တဲ့ ၉ နှစ်၊ ၂၀၁၃ ခုနှစ်က ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ တည်ဆောက်-လုပ်ကိုင်-လွဲပြောင်း ( ဘီအိုတီ) စနစ်နဲ့ အကောင်အထည်ဖော်ခွင့်ရခဲ့တာပါ။ မြေ ၄ ဧက အတွက် တစ်လကို မြန်မာကျပ် ၁၀သိန်း၊ ( ကန်ဒေါ်လာ ၅၆၀ ) ကို ဟန်ပြပေးချေနေတယ်လို့ ဆိုပါတယ်။

ပြည်ထဲရေးလက်အောက်ခံ ရဲတပ်ဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်တာတွေ၊ ဖမ်းဆီးတာတွေ၊ ညှဉ်းပမ်းနှိပ်စက်တာတွေ လုပ်နေတဲ့အတွက် တာဝန်ရှိပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ဒုဝန်ကြီး၊ ရဲချုပ်တို့ဟာလည်း အမေရိကန်၊ အီးယူ၊ ယူကေနဲ့ ကနေဒါနိင်ငံတို့က အရေးယူပိတ်ဆို့ထားသူတွေလည်း ဖြစ်ပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်တပ်ကဗိုလ်ချုပ်ကြီးတွေကို ဟိုတယ်ထားဝယ်က အခွန်၊ ဝင်ငွေရင်းမြစ်တွေ ဆက်လက်ပေးအပ်နေတာဟာ အကြမ်းဖက်စစ်ဆင်ရေးတွေကို ပံ့ပိုးကူညီနေတာလို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

The Tanintharyi Times