ပုလောမြို့နယ်၊ နန်းတောင်ရွာက စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ၆ ဦးထက်မနည်းသေဆုံး
ပုလောမြို့နယ်၊ နန်းတောင်ရွာက စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ၆ ဦးထက်မနည်းသေဆုံး
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းတောင်ရွာက စာသင်ကျောင်းမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေဒီနေ့မနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီနေ့ နံနက် ၆ နာရီဝန်းကျင်ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းမနည်းသေဆုံးခဲ့တယ်လို့ ပုလောPDF ကနေသိရပါတယ်။
“ကျဆုံးက ၆ယောက်အတည်ပြုလို့ရတယ်။ မိုင်းဆွဲခံရတာမှာလည်း သေပြီး ပစ်ခံရတာမှာလည်းသေကြတယ်။ ဒဏ်ရာရသူတွေလည်းရှိပြီးအရေအတွက်အတိအကျမသိရဘူး” လို့ ပုလောPDF ရဲ့တာဝန်ရှိသူကပြောပါတယ်။
နှစ်ဖက်အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က နံနက် ၈ နာရီအထိလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်ဘက်ကတော့ အင်အားထပ်တိုးချဲ့နေတယ်လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
