ထိုင်းလူ့အခွင့်အရေးရှေ့နေ ၊တက်ကြွလှုပ်ရှားသူ အနွန် နန်(မ်)ပါး တော်ဝင်အရေဖျက်မှုနဲ့ ထောင်ဒဏ် (၄) နှစ် ချမှတ်ခံရ

ထိုင်းလူ့အခွင့်အရေးရှေ့နေ ၊တက်ကြွလှုပ်ရှားသူ အနွန် နန်(မ်)ပါး တော်ဝင်အရေဖျက်မှုနဲ့ ထောင်ဒဏ် (၄) နှစ် ချမှတ်ခံရ

ထိုင်းဘုရင့်တော်ဝင် မိသားစုကို အသရေ ဖျက်မှုဆိုင်ရာ စွပ်စွဲချက်တွေ နဲ့တရားစွဲခံထားရတဲ့ ထိုင်းလူ့အခွင့်အရေး ရှေ့နေလည်းဖြစ် ၊ တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်တဲ့ အနွန် နန်(မ်)ပါး (Anon Nampa) ကို တရားရုံးက ထောင်ဒဏ်‌ ၄ နှစ်ချမှတ်ခဲ့တယ်လို့ ထိုင်းသတင်းစာ ပရာချာထိုင်း မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခု မှာ အနွန် နန်(မ်)ပါး Anon Nampa ရဲ့ ဟောပြောချက်တစ်ခု နဲ့ ပတ်သက်ပြီး နှစ်ရှည် တရားရင်ဆိုင်နေရာတဖြစ်ပြီး ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မှာတော့ ထောင်ဒဏ်လေးနှစ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလ အရေးပေါ်အမိန့်ကို ဖောက်ဖျက်တယ်လို့ဆိုပြီး တရားရုံးက ဒဏ်ငွေဘတ် ၂၀၀၀၀ ပေးဆောင်ဖို့လည်း တပါတည်းအမိန့် ချခဲ့ပါတယ်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ မှာပြုလုပ်ခဲ့တဲ့ လူထုစုဝေး ဆန္ဒပြပွဲမှာ ဦးဆောင်သူ အနွန် နန်(မ်)ပါး (Anon Nampa) က “ ဒီဆန္ဒပြပွဲကို ဖြိုခွင်းမယ်ဆိုရင် ဒါဟာ ဘုရင့်အမိန့်ပဲဖြစ်လိမ်မယ်” လို့ ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး ထိုင်းဘုရင့်တော်ဝင် မိသားစုကို အကာအကွယ်ပေးထားတဲ့ ရာဇသတ်ကြီး ပုဒ်မ အခန်း ၁၁၂ အရ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

ထိုင်းဘုရင် ဟာ ရဲလုပ်ငန်းစဉ်တွေမှာပါဝင်ပတ်သက်ခြင်းမရှိကြောင်း ထိုင်းနိုင်ငံရေး စနစ်အရ ဘုံသဘော နားလည်ထားတာကြောင့် တရားရုံးကအပြစ်ရှိကြေင်း အမိန့်ချမှတ်ခဲ့ဖြစ်တယ်လို့ ထိုင်ဥပဒေရေးရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ iLaw က ဆိုပါတယ်။

လူ့အခွင့်အရေး ရှေ့နေ၊ တက်ကြွလှုပ်ရှားသူအနွန် နန်(မ်)ပါးရဲ့ ရှေ့နေတွေက တော့ ဒီအမှုနဲ့ပတ်သက်ပြီး အယူခံ ဝင်ဖို့ပြင်ဆင်နေပါတယ်။

ထိုင်းဘုရင့်တော်ဝင် မိသားစုကို အကာအကွယ်ပေးထားတဲ့ ရာဇသတ်ကြီး ပုဒ်မ အခန်း ၁၁၂ ကို ဖျက်သိမ်းဖို့ နဲ့ ဖြေလျှော့ ဖို့အတွက် Move Forward ပါတီ ခေါင်းဆောင်ဟောင်း ဖိတာ လင်ရိုဂျာရတ် ကကြိုးပမ်းခဲ့ပေမယ့် ဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ အပြင် လွှတ်တော်အမတ်အဖြစ်ကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

ကိုးကား – ပရာချာထိုင်း (Prachatai)

The Tanintharyi Times