မြဝတီ-ဝေါ်လေလမ်းမအနီးက သုံးထပ်ကွေ့ တောင်ကြောတိုက်ပွဲမှာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံး

မြဝတီ-ဝေါ်လေလမ်းမအနီးက သုံးထပ်ကွေ့ တောင်ကြောတိုက်ပွဲမှာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံး

ပုံ - Cobra Column

မြဝတီ – ဝေါ်လေလမ်းမအနီးက သုံးထပ်ကွေ့တောင်ကြောကို ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က နှစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

သုံးထက်ကွေ့တောင်ကြောကို မနေ့က ညနေပိုင်းနဲ့ ညပိုင်းမှာ စစ်ကောင်စီတပ်ဘက်ကကျူးကျော်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ကော်ဘရာစစ်ကြောင်းရဲ့ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ့နေ့ ညနေပိုင်းကလည်း အဆိုပါတောင်ကြောကို စစ်ကောင်စီတပ်ဘက်က ကျူးကျော်ဖို့ ကြိုးစားခဲ့တဲ့အကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ကော်ဘရာဘက်ကတော့ စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

The Tanintharyi Times