လောင်းလုံးမြို့နယ် အောက်ရေဖြူရွာက ရွာသားသုံးဦး ဖမ်းဆီးခံရ

လောင်းလုံးမြို့နယ် အောက်ရေဖြူရွာက ရွာသားသုံးဦး ဖမ်းဆီးခံရ

လောင်းလုံးမြို့နယ် အောက်ရေဖြူရွာက ရွာသားသုံးဦးကို သန်းခေါင်းကျော်အချိန် ဒီနေ့ မနက် ၂ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေလာရောက်ပြီး ဖမ်းဆီးသွားခဲ့ပါတယ်။

အဖမ်းခံရသူတွေက ကုန်စုံဆိုင်ပိုင်ရှင် ဦးမောင်မောင်လွင်၊ ဒေါ်ဇာဇာမြင့် ဇနီးမောင်နှံနဲ့ ကျောင်းဆရာ ဦးညီမောင်ထွေး တို့ဖြစ်ပါတယ်။

” စစ်ကား၅စီးလောက်နဲ့ဝင်လာပြီး ဖမ်းခေါ်သွားတာပါ။ သူတို့ကို ဘာကြောင့်ဖမ်းခေါ်သွားတယ်ဆိုတာတော့ မသိရဘူး” လို့ ရွာခံတစ်ဦးကပြောပါတယ်။

ဦးမောင်မောင်လွင်တို့မှာ ၈ နှစ်အရွယ် သားယောက်ျားလေးတစ်ဦး ရှိပြီး ရွာမှာ ကုန်စုံဆိုင်ဖွင့်ကာ စျေးရောင်းနေသူတွေဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဖမ်းခံရသူ သုံးဦးလုံးဟာ ရွာမှာ အေးအေးလူလူနေထိုင်ကြသူတွေဖြစ်တယ်လို့လည်း ရွာခံတွေက ပြောပါတယ်။

ဖမ်းဆီးသွားသူတွေကို လောင်းလုံးရဲစခန်းမှာထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်ရေဖြူရွာသားသုံးဦး အဖမ်းမခံရခင် အချိန် သန်းခေါင်ယံ ည ၁ နာရီလောက်မှာ ကား ၈ စီးပါ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းဟာ လောင်းလုံးမြို့ဘက်သို့ ဆင်းသွားတယ်လို့ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

The Tanintharyi Times