ဒသမတန်းအတွက် ကျောင်းအပ်လက်ခံနေပြီ
ဒသမတန်းအတွက် ကျောင်းအပ်လက်ခံနေပြီ
ရေဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့ – ယာယီက ကြေညာထားတဲ့ ဒသမတန်းအတွက် ကျောင်းအပ်လက်ခံတာ ဒီနေ့၊ ဇူလိုင် ၂၆ က နောက်ဆုံးနေ့ ဖြစ်ပါတယ်။
ပြည်သူ့ပညာရေးကျောင်းတစ်ကျောင်းဖြစ်တဲ့ Yephyu Education Family Online School က Grade 11 (ဒသမတန်း သင်ရိုသစ်/ သင်ရိုးဟောင်း) အတန်းအတွက် ကျောင်းသား ၂၀၀ ကိုလက်ခံသွားမယ်လို့ ရေဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့ – ယာယီက ကြေညာထားပါတယ်။
မနေ့က စတင်ကာ ကျောင်းအပ်လက်ခံတာဖြစ်ပြီး ဒီနေ့ ည ၁၂ နာရီအထိ လက်ခံပေးသွားမယ်လို့ ကြေညာထားပါတယ်။ Yephyu Education Family Online School ဟာ အခမဲ့ပညာရေးကျောင်းဖြစ်ပါတယ်။
ကျောင်းသားတွေရဲ့ လုံခြုံရေးကိုအထူးဂရုပြုတဲ့ အနေနဲ့ ကျောင်းလျှောက်ချိန်မှာ နေရပ်လိပ်စာအပြည့်အစုံ ဖြည့်စွက်စရာမလိုဘဲ ကျောင်းစည်းကမ်းနဲ့ အတန်းစည်းကမ်းတွေကိုတော့ လိုက်နာနိုင်ဖို့လိုတယ်လို့ အသိပေးထားပါတယ်။
Grade – 11 (ဒသမတန်း သင်ရိုးသစ်) အပ်နှံရန် >>> https:forms.gle3EB74LH6w3hPw74M8
Grade -11 (ဒသမတန်း သင်ရိုးဟောင်း) အပ်နှံရန် >>> https://forms.gle/TYdykmo7xuopeFhC9
ရေဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့ – ယာယီ >>>
The Tanintharyi Times
