စာရင်းကိုင်အဖြစ် အသက်မွေးဝမ်းကျောင်းလိုသူတွေ LCCI Level – 1 အခမဲ့ သင်ယူနိုင်ပြီ

စာရင်းကိုင်အဖြစ် အသက်မွေးဝမ်းကျောင်းလိုသူတွေ LCCI Level – 1 အခမဲ့ သင်ယူနိုင်ပြီ

LCCI

စာရင်းကိုင်တစ်ယောက် ဖြစ်ချင်သူတွေအတွက် စာရင်းကိုင်ပညာ LCCI Level – 1 ကို Burma Academy မှာ အခမဲ့ သင်ယူနိုင်ပါပြီ။

ဝက်ဆိုဒ်မှာ ပုံမှန်တင်ပေးထားတဲ့ သင်ခန်းစာဗီဒီယိုတွေကို ကိုယ်တိုင်ကြည့်ရှုလေ့လာကာ ဆွေးနွေးလိုတာတွေကိုတော့ Discussion Box ကနေ မေးမြန်းရင်း သင်ယူရမှာပါ။

LCCI Level – 1 သင်ခန်းစာ ပြီးဆုံးသွားရင် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရမှာဖြစ်ပြီး အောင်မြင်သူကိုသာ Certificate ထုတ်ပေးမယ်လို့ သိရပါတယ်။

စာမေးပွဲအောင်မြင်သူတွေအနေနဲ့ UK က အသိအမှတ်ပြုပေးအပ်တဲ့ Certificate ရရှိဖို့အတွက် စာမေးပွဲဖြေဖို့ Intensive Training လိုအပ်လာရင်လည်း Burma Academy ဘက်က စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

LCCI Level – 2 နဲ့ 3 သင်ခန်းစာတွေကိုလည်း ဆက်လက် သင်ကြားပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

LCCI Level – 1 သင်တန်း တက်ရောက်ချင်တယ်ဆိုရင်တော့ ဖော်ပြပါ လင့်ကနေတဆင့် ဝင်ရောက်ပြီး စာရင်းပေးသွင်း သင်ယူနိုင်ပါတယ်။

စာရင်းသွင်းရန် >>>

The Tanintharyi Times