စစ်အာဏာသိမ်းပြီးချိန်ကစလို့ ယခုလ လလယ်အထိ တနင်္သာရီတိုင်းမှာ တိုက်ပွဲပေါင်း ၁၀၇ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ယခုလ လလယ်အထိ တနင်္သာရီတိုင်းမှာ တိုက်ပွဲပေါင်း ၁၀၇ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့

စစ်တပ်‌ကအာဏာသိမ်းတဲ့နေ့ကစလို့ အခုလလယ် အထိ နိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း ၇,၈၅၅ ကြိမ်ထက်မနည်းဖြစ်ပွါးခဲ့တဲ့ အထဲမှာ တနင်္သာရီတိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲက ၁၀၇ ကြိမ် ရှိတယ်လို့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအင်စတီကျု (ISP- Myanmar) က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီး ၂၁ လကျော်အတွင်း နိုင်ငံတစ်ဝန်းကမြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲက မြို့နယ် ၁၉၁ မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တာကို ISP ရဲ့ စစ်တမ်းအရ တွေ့ရပါတယ်။

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(EAOs) တွေကြားတိုက်ပွဲ ၄,၅၄၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်‌တွေ ကြား တိုက်ပွဲဖြစ်ပွားမှုနှုန်းဟာလည်း ၂,၂၆၇ ကြိမ်ထက်မနည်းရှိခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့‌တွေ ပူးပေါင်းပြီး စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားမှုနှုန်းဟာလည်း ၉၂၅ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းအတွင်းက သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ Southern Monitor ကတော့ စစ်အာဏာသိမ်းတဲ့အချိန်ကစလို့ ပြီးခဲ့တဲ့အောက်တိုဘာလအထိ တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲဖြစ်စဉ်စုစုပေါင်း ၁၉၆ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

The Tanintharyi Times