သံဖြူဇရပ်ရှိ မိုင်တဲတာဝါတိုင်တစ်ခုကို မီးရှို့ဖျက်ဆီးပြီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

သံဖြူဇရပ်ရှိ မိုင်တဲတာဝါတိုင်တစ်ခုကို မီးရှို့ဖျက်ဆီးပြီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ ကပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ စစ်ကောင်စီပိုင် မိုင်တဲတာဝါတိုင်တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်ကောင်စီယာဥ်တန်းတစ်ခုကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သံဖြူဇရပ်မြို့နယ်၊ အောင်သပြေကျေးရွာမှာရှိတဲ့ စစ်ကောင်စီပိုင် မိုင်တဲတာဝါတိုင်တစ်ခုကို စက်တင်ဘာ ၂၃ ရက်၊ ည ၇ နာရီခွဲ အချိန်ခန့်က မီးရှို့ဖျက်ဆီးခဲ့ပြီး အချိန်ခဏအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၁၅ ချက်ကျော် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မနေ့ ညနေ ၃ နာရီ အချိန်ခန့်ကလည်း သံဖြူဇရပ်မြို့နယ်ဘက်ကနေ ရေးမြို့နယ်ဘက်ကို ဦးတည်မောင်နှင်းလာတဲ့ ကား ၁၀ စီးပါ ယာဥ်တန်းကို ပိန္နဲတောရွာနဲ့ အေးကမ္ဘာရွာကြားတစ်နေရာတွင် ခြုံခုံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးထက်မနည်းသေဆုံးပြီး ကားသုံးစီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ဝင်တွေ ထိခိုက်ရှိ၊ မရှိကိုတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခြင်းမရှိပါဘူး။

တိုက်ခိုက်ခံခဲ့ရတဲ့ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အေးကမ္ဘာ ရွာထဲအရောက် ကားရပ်နားပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရွာထဲ ရမ်းသန်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ရာ အေးကမ္ဘာရွာနေ အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ် မနုနု ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

အခုလို သေဆုံးခဲ့ရတဲ့ အမျိုးသမီးငယ် မနုနု အတွက် မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ အတိုင်းမသိ ဝမ်းနည်းကြေကွဲရကြောင်းကိုလည်း ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

အဆိုပါအဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ကလည်း ရေးမြို့မှ သံဖြူဇရပ်မြို့ ဘက်သို့ ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစာ်ကေင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

The Tanintharyi Times