ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းကို စစ်ကောင်စီ ဖမ်းဆီး

ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းကို စစ်ကောင်စီ ဖမ်းဆီး

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ နာမည်ကျော်ပန်းချီဆရာ ကိုထိန်လင်းတို့ကို စစ်ကောင်စီက မနေ့က ညပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

၎င်းတို့ရဲ့ ရန်ကုန်နေအိမ်မှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

မစ္စ ဗစ်ကီဘိုးမန်းကို စစ်ဆေးဖို့ရှိတယ်ဆိုပြီး လာရောက်ခေါ်ဆောင်သွားတာဖြစ်ကြောင်း လူ၀င်မှု ကြီးကြပ်ရေးအက်ဥပဒေနဲ့ငြိစွန်းတယ်လို့ ကနဦးစွပ်စွဲထားကြောင်း နီးစပ်သူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး BBC က သတင်းဖော်ပြထားပါတယ်။

မစ္စ ဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

The Tanintharyi Times