မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေကို အရေးယူမယ်လို့ ရေဖြူ ပကဖ သတိပေး
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေကို အရေးယူမယ်လို့ ရေဖြူ ပကဖ သတိပေး

ရေဖြူမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူ၊ သုံးစွဲသူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးထုတ်ပြန်လိုက်ပါတယ်။
ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့လက်အောက်ခံအဖွဲ့တွေကို လာဘ်ပေးပြီး မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားတာတွေ၊ လောင်းကစားဝိုင်းတွေတွင်တွင်ကျယ်ကျယ်လုပ်ဆောင်နေတယ်လို့ ရေဖြူပကဖ က ထုတ်ပြန်ထားပါတယ်။
အဲဲဒီအပြင် မူးယစ်ဆေးဝါးဂိုဏ်းတွေဟာ PDF တွေကိုခုတုံးလုပ်ပြီး PDF တွေကို ထောက်ပံ့နေတယ်ဆိုပြီး သတင်းဖြန့်တာတွေရှိနေတယ်လို့ ရေဖြူပကဖ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရေဖြူ ပကဖ နဲ့ တပ်ရင်း၊ တပ်စုတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေနဲ့ လုံးဝသက်ဆိုင်မှုမရှိဘူးလို့ထုတ်ပြန်ထားတဲ့အပြင် ရောင်းဝယ်ဖောက်ကားသုံးစွဲနေသူတွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
The Tanintharyi Times