Ashokဝီဂါဒုက္ခသည်တွေကို တရုတ်ပြန်ပို့ရေး ထိုင်းအစိုးရလိမ်လည်ခဲ့တယ်လို့ လွှတ်တော်မှာ ဝေဖန်
Ashokဝီဂါဒုက္ခသည်တွေကို တရုတ်ပြန်ပို့ရေး ထိုင်းအစိုးရလိမ်လည်ခဲ့တယ်လို့ လွှတ်တော်မှာ ဝေဖန်
ထိုင်းအစိုးရဟာ ဝီဂါဒုက္ခသည် လေးဆယ်ကျော်ကို တရုတ်အစိုးရဆီ ပြန်လွှဲပြောင်းပေးဖို့ ထိုင်းလွှတ်တော် နဲ့ ပြည်သူတွေကို လိမ်လည်ခဲ့တယ်လို့ တရားမျှတရေးပါတီ အမတ် ကန်နာဝီကလွှတ်တော် အစည်းအဝေး အတွင်း ပြောဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်အား အယုံအကြည်မရှိအဆိုတင်သွင်းထားတာကို လွှတ်တော်မှာ ဆွေးနွေးစဉ် တရားမျှတရေးပါတီအမတ် ကန်နာဝီက အခုလိုပြောဆိုခဲ့တာပါ။
ဝီဂါ လူမျိုး လေးဆယ်ကျော်ကို တရုတ်အစိုးရထံပြန်လွဲပြောင်းပေးခဲ့တဲ့ ဖယ်ထုံတန် အစိုးရရဲ့လုပ်ရပ် ဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ် နဲ့ နိုင်ငံတကာရဲ့ယုံကြည်ကိုးစားမှုကို ထိခိုက်စေခဲ့တယ်လို့ သူကပြောပါတယ်။
ဖယ်ထုံတန် ရဲ့လုပ်ရပ်ကြောင့် ထိုင်းနိုင်ငံဟာ နိုင်ငံတကာဆက်ဆံရေးမှာ ပုံရိပ်ကျဆင်းလာပြီး ကုန်သွယ်ရေး နဲ့ အကောက်အခွန်ကဏ္ဍတွေမှာ အခက်တွေ့စေတယ်လို့ ပြောပါတယ်။
“ ပြည်ပနိုင်ငံတွေက ဒါကိုထောက်ပြပြီး ထိုင်းနိုင်ငံကို ဖိအားပေးနေပါပြီ” လို့ ကန်နာဝီကပြောပါတယ်။
ဖယ်ထုံတန်အစိုးရ ဟာ ဝီဂါတွေကို ပြည်နှင်ဒဏ်ပေးတဲ့ ကိစ္စတွေမှာပြည်သူတွေ နဲ့လွှတ်တော်ကို ရက်ပေါင်းလိမ်လည်ပြီး စနစ်တကျ လုပ်ဆောင်ခဲ့တာလို့လည်း သူကပြောပါတယ်။
“ ဝန်ကြီးချုပ်ရဲ့ ဒီလုပ်ရပ်ကို ရုပ်ရှင်ရိုက်ရမှာပါ။ ဇာတ်ကားနာမည်က မုသားများနှင့် ၇၃ ရက်” လို့နာမည်ပေးမယ်။ အဓိက ဇာတ်ကောင်တွေကတော့ ထိုင်းဝန်ကြီးချုပ်၊ တရားမျှတရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ပါဝင်ပါမယ်” လို့ ကန်နာဝီ က ပြောပါတယ်။
ထိုင်းအစိုးရ အဖွဲ့ဟာ ဝီဂါတွေကို ပြန်ပို့ ၇၃ ရက်ကြိုတင်ပြင်ဆင်ပြီး ဘယ်သူ့ကိမှ အသိမပေးဘဲ လျှို့ဝှက် လုပ်ဆောင်ခဲ့ကြတာလို့ ကန်နာဝီ ကပြောပါတယ်။
ဝီဂါ ဒုက္ခသည်တွေ အနေနဲ့ တရုတ်နိုင်ငံကို ပြန်ဖို့ ဆန္ဒမရှိဘူးလို့ ထုတ်ပြောထားတဲ့ အခြေအနေမှာ ပြည်နှင်ဒဏ်ပေးခဲ့တာဖြစ်တယ်လို့ သူကထပ်ပြောပါတယ်။
“ဖယ်ထုံတန်က ဝီဂါတွေ တရုတ်ကိုပြန်ရောက်ပြီးချိန်အထိ တရုတ်နိုင်ပြန်လိုတဲ့ ဆန္ဒအရာ ပို့ပေးတာပါလို့ ပြောဆိုခဲ့တယ်။ဒါဟာ လူသိရှင်ကြားလိမ်လည်တာပါ” လို့ ကန်နာဝီက ဆိုပါတယ်။
ထိုင်းအစိုးရဟာ ဝီဂါဒုက္ခသည်တွေ တရုတ်နိုင်ငံကိုပြန်လည်ပို့ဆောင်ပြီးတဲ့နောက် အဲ့ဒီထဲက ဒုက္ခသည် ၁၂ ဦးရဲ့ ဗီဒီယိုတွေကို ထုတ်ပြန်ကာ တရုတ်နိုင်ငံမှာ အေးချမ်းစွာနေထိုင်နေကြောင်း ဝါဒဖြန့်ချိမှုတွေကိုလည်း လုပ်ခဲ့တယ်လို့ ကန်နာဝီက ပြောကြားခဲ့ပါတယ်။
ထိုင်းအစိုးရ ဘက်ကတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကဒုက္ခသည်အဖြစ် အသိမှတ်မပြုတာနဲ့ ဝီဂါ တွေကတရုတ်နိုင်ငံကိုပြန်ဖို့ဆန္ဒရှိနေတာကြောင့် ပြန်ပို့ခဲ့တာဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။
ထရမ့် ရဲ့ အမေရိကန် အစိုးရကတော့ ဝီဂါတွေကို တရုတ်နိုင်ငံပြန်ပို့ခဲ့တဲ့ ထိုင်းအစိုးရကိုပိတ်ဆို့ အရေးယူမယ်လို့ ပြောဆိုထားပေမယ့် ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ ထုတ်မပြောသေးပါဘူး။
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
