ဘန်ကောက် လမ်းမြေပြိုကျမှုအပြီး မြေအောက်ရထားလမ်း MRT ဆောက်လုပ်ရေးလုပ်ငန်း ယာယီရပ်နား

ဘန်ကောက် လမ်းမြေပြိုကျမှုအပြီး မြေအောက်ရထားလမ်း MRT ဆောက်လုပ်ရေးလုပ်ငန်း ယာယီရပ်နား

ဓာတ်ပုံ - The Nation

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က ဗီဂျီရာ ဆေးရုံရှေ့ က လမ်းမမြေပြိုမှုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် ဘန်ကောက် မြေအောက်ရထားလမ်း MRT ခရမ်းရောင်လိုင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ရပ်နားထားဖို့ မြို့တော် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (MRTA)က ဆုံးဖြတ်ခဲ့ပါတယ်။

မြေပြိုမှုကြောင့် ဗီဂျီရာ ဆေးရုံရှေ့က လမ်းမပေါ် အလျားနဲ့ အနံ ပေ ၉၀ ပတ်လည်ကျယ်ပြီး အနက် ပေ ၁၆၀ လောက်ရှိတဲ့ စတုရန်း ပုံသဏ္ဍန် မြေတွင်းကြီးဖြစ်သွားပြီး ဘန်ကောက် MRT ခရမ်းရောင်လိုင်း ဗီဂျီရာဆေးရုံ ဘူတာ တည်ဆောက်မယ့် ဧရိယာပါ မြေကျွံ ကျခဲ့တာကြောင့် ရထားလမ်း ဖောက်လုပ်မှု ယာယီ ရပ်နားဖို့ ဆုံးဖြတ်ခဲ့တာပါ။

မြေပြို ကျခဲ့တဲ့ နေရာ ဟာ ဗီဂျီရာ ဆေးရုံ၊မြေအောက်ဘူတာ တည်ဆောက်ဖို့လျာထားတဲ့ နေရာ ဝန်းကျင်ဖြစ်တယ်တာကြောင့် ဆောက်လုပ်ရေး လုပ်ငန်း ယာယီရပ်နားဖို့ မြို့တော် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (MRTA) အဖွဲ့ ကအမိန့်ထုတ်ပြန်လိုက်တာပါ။

ဒီလမ်းမြေပြို ကျမှုဟာ မြေအောက်ရထားလမ်းဆောက်လုပ်ရေးကြောင့် ဆက်စပ်ဖြစ်ပေါ်လာတာဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေ ဖော်ပြနေကြပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးက ကတော့ မြေပြိုမှု နဲ့ ချက်ချင်း စုံစမ်းဆေးရေး လုပ်ဆောင်ဖို့ ဒီနေ့ မွန်းလွဲပိုင်းမှာပဲ အမိန့်ထုတ်ပြန်ထားပါတယ်။

ဘန်ကောက် မြေအောက်ရထားလမ်း MRT ခရမ်းရောင်လိုင်း ဆောက်လုပ်ရေး လုပ်ငန်းကိုတော့ Karnchang Public Company (CK) ကုမ္ပဏီ နဲ့ STECON ကုမ္ပဏီတို့ တာဝန်ယူဆောက်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဘန်ကောက်မြို့တော် ဝန် ချာချတ် ဆစ်တီပန် ကတော့ မြေပြိုကျမှု နဲ့ ပတ်သက် ဌာန ဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့ တယ်လို့ ပြောပါတယ်။

မြေပြို ကျရာ နေရာ အနီးက ဆေးရုံ နဲ့ ရဲစခန်း ပတ်ဝန်းကျင် မီ ၁၀၀ ပတ်ပတ်လည်ကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားပြီး မြေပြိုမှုကြောင့် ထိခိုက်ခဲ့တဲ့ ရေပေးဝေရေး စနစ် နဲ့ လျှပ်စစ်ဖြန့်ဖြူးရေး စနစ်တို့ကို လက်ရှိမှာ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

မြေပြိုကျမှုကြောင့် ဗီဂျီရာ ဆေးရုံမှာရှိတဲ့ လူနာ နဲ့ အနီးအနားမှာနေထိုင်နေသူတွေကို အရေး ပေါ်ပြောင်း ရွှေ့ပေးခဲ့ရပြီး ကားတစ်စီးလည်း မြေပြိုကျကြောင့် ပျက်စီးသွား ခဲ့ပါတယ်။

မြေပြိုမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိဘူးလို့လည်း ဘန်ကောက်မြို့တော် အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ မြေပြိုကျမှုဖြစ်စဉ်ဖြစ်ပွားရာ ဒူးဆစ် ခရိုင်တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာ ဆမ်ဆင် လမ်းမပေါ်က က ဗီဂျီရာ ဆေးရုံ လမ်းဆုံကနေ စန်ဂီ လမ်းဆုံ အထိ ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ လည်းဆိုပါတယ်။

ကိုးကား – The Nation

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times