ချင်းမိုင် မှာ ရေကြီးမှု သတိပေးချက်ထုတ်ပြန်ထား
ချင်းမိုင် မှာ ရေကြီးမှု သတိပေးချက်ထုတ်ပြန်ထား

ထိုင်းနိုင်ငံ မြောက်ပိုင်းချင်းမိုင်မြို့ မှာ ပင်းမြစ်ရေဟာလျင်မြန်စွာမြင့်တက်လာပြီး အင်္ဂါနေ့ညပိုင်းကစလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနိုင်တယ်လို့ ချင်းမိုင်မြို့တော်ဝန်ရုံး ကသတိပေးချက်ထုတ်ပြန်ထားပါတယ်။
ပင်းမြစ်ကမ်းဘေးတလျှောက် နေထိုင်ကြသူတွေ နဲ့ ရေလွှမ်းမိုးနိုင်တဲ့မြေနိမ့် ပိုင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့ မော်တော်ယာဉ်တွေ၊ အဖိုးပစ္စည်းတွေကို ကုန်းမြင့်ပိုင်းတွေဆီ အမြန်ဆုံးပြောင်းရွေ့ ထားဖို့ ချင်းမိုင်ခရိုင်တာဝန်ရှိသူတွေ က သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ပင်းမြစ်ရေဟာ ဒီနေ့ ညနေ ၅ နာရီမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပြီး နောင်ဟွေမြို့နယ် နဲ့ ပါဒါတ် မြို့နယ်တွေရေကြီးရေလျှံမှုတွေ ဖြစ်ပွားနိုင်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ချင်းမိုင်မြို့ နဝရတ်တံတားမှာ တိုင်းတာချက်တွေ အရ ပင်း မြစ်ရေသည်ဒီနေ့ မနက် ၁၀ နာရီမှာ ၃ ဒသမ ၃၅ မီတာမှာရှိနေရာကနေ ညနေ ၅ နာရီ အစောပိုင်းမှာတော့ ၃ ဒသမ ၇၀ မီတာ ထိရောက်ရှိနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ချင်းမိုင်မြို့တော်မြူနီစပယ် ကတော့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ရေကြီးမှုဘေးအန္တရာယ်အတွက် အသင့် ပြင်ဆင်ထားကြဖို့ သတိပေးချက်တွေ ဆက်တိုက်ထုတ်ပြန်နေပါတယ်။
အင်္ဂါနေ့မနက်ပိုင်းမှာပဲ မြို့တွင်းရှိ လမ်းအချို့ စတင်ရေလျှံနေတယ်လို့ဆိုပါတယ်။
ခရိုင်ဆည်မြောင်းအကြီးအကဲ Kuakul Manasamphansakul က ချင်းတောင်း ၊ မယ့်တန်နဲ့ မယ့်ရင် စတဲ့ တောင်ခြေမှာရှိတဲ့ မြို့နယ်တွေတနင်္လာနေ့ညပိုင်းမိုးသည်းထန်စွာရွာခဲ့ပြီး အင်္ဂါနေ့ မှာလည်း မှာဆက်လက်ပြီးမိုးကြီး နိုင်တယ်လို့ဆိုပါတယ်။
ချင်းမိုင်မြို့တော်ဝန် ကတော့ နဝရတ် တံတားအနီးရှိမြစ်ရေမြင့်တက်မှုကို ၂၄ နာရီပတ်လုံးစောင့်ကြည့် ဖို့စီစဉ်ထားပြီး မြစ်ရေလျှံချိန်မှာ လည်းရေလွှမ်းမိုးဝင်ရောက်နေရာတွေ အတားအဆီးပြုလုပ်ဖို့ သဲအိတ်တွေအသင့်ပြင်ဆင်ထားတယ်လို့ ပြောကြားထားပါတယ်။
ကိုးကား – ဘန်ကောက်ပို့စ်
ချင်းမိုင်မြို့တော်ဝန် ကတော့ နဝရတ် တံတားအနီးရှိမြစ်ရေမြင့်တက်မှုကို ၂၄ နာရီပတ်လုံးစောင့်ကြည့် ဖို့စီစဉ်ထားပြီး မြစ်ရေလျှံချိန်မှာ လည်းရေလွှမ်းမိုးဝင်ရောက်နေရာတွေ အတားအဆီးပြုလုပ်ဖို့ သဲအိတ်တွေအသင့်ပြင်ဆင်ထားတယ်လို့ ပြောကြားထားပါတယ်။
The Tanintharyi Times