KNU တပ်မဟာ(၆) နယ်မြေမှာ ရက် ၂၀ အတွင်း တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွါးကာ စစ်ကောင်စီဘက်က ၄၈ ဦးသေဆုံး၊ ၈၀ ဦး ဒဏ်ရာရရှိခဲ့
KNU တပ်မဟာ(၆) နယ်မြေမှာ ရက် ၂၀ အတွင်း တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွါးကာ စစ်ကောင်စီဘက်က ၄၈ ဦးသေဆုံး၊ ၈၀ ဦး ဒဏ်ရာရရှိခဲ့
သြဂုတ် ၁ရက်နေ့ကနေ ၂၀ ရက်နေ့အထိ KNU ရဲ့ တပ်မဟာ (၆) နယ်မြေထဲမှာ KNU ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပေါင်း ၃၃ ပွဲဖြစ်ပွါးခဲ့ပြီး ၎င်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၄၈ ဦးသေဆုံးကာ ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေဟာ KNLAနဲ့ တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း (၁၆)၊ (၁၇)၊ (၁၈)၊ (၂၇)၊ (၂၀၁)၊ ဗဟိုလုံခြုံရေးတပ်ရင်း (၁)၊ KNDO ရဲ့ တပ်ရင်း (၆) တို့ နဲ့ စစ်ကောင်စီဘက်က ၎င်းရဲ့တပ်တွေအပြင် လက်ဝေခံ BGF တပ်ရင်း ၁၈ ဖွဲ့တို့ ထိတွေ့တိုက်ခိုက်ခဲ့ကြတာတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တိုက်ပွဲ ၃၀ ကျော်မှာ စစ်ကောင်ဘက်က သေဆုံးထိခိုက်မှုများခဲ့သလို မြေပြင်ရင်ဆိုင်တိုက်ပွဲမှာ KNLA ဘက်က စစ်သည်တော် ၂ ဦးအသက်စွန့်ခဲ့ရပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့နယ် တပ်ရင်း (၁၈)နဲ့ တပ်ရင်း (၂၇) နယ်မြေအတွင်းမှာ တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး တပ်ရင်း (၂၇) လက်အောက်ခံ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့ နေရာတွေမှာ တိုက်ပွဲအပြင်းထန်ဆုံးနေရာတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ ယူပြီး တိုက်ခိုက်မှု (၆) ကြိမ် ပြုလုပ်ခဲ့ကာ ဗုံးအမြောက်အများကြဲချခဲ့သလို အင်အားအလွန်အကျွံအသုံးပြု ထိုးစစ်ဆင်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။


The Tanintharyi Times
