ထိုင်း – ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲကြောင့် ထိုင်းဘက်က အရပ်သား ၁၁ ဦး သေဆုံး၊ ပစ်ခတ်တိုက်ခိုက်မှုတွေမပေါ် အပြန်အလှန်စွပ်စွဲ

ထိုင်း – ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲကြောင့် ထိုင်းဘက်က အရပ်သား ၁၁ ဦး သေဆုံး၊ ပစ်ခတ်တိုက်ခိုက်မှုတွေမပေါ် အပြန်အလှန်စွပ်စွဲ

ဒီနေ့ မနက်အစောပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ထိုင်း – ကမ္ဘောဒီယားနယ်စပ် စစ်ပွဲကြောင့် ထိုင်းဘက်က အရပ်သား ၁၁ ဦးထိ သေဆုံးခဲ့တယ်လို့ ဂါးဒီယန်း သတင်းမှာဖော်ပြထားပါတယ်။

ကမ္ဘောဒီးယား ဘက်က ဆေးရုံ၊စာသင်ကျောင်း၊ ဓာတ်ဆီဆိုင် စတဲ့အရပ်သားတွေ အသွားအလာများ တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သား အများအပြား ဒဏ်ရာရခဲ့သလို သေဆုံးတဲ့ အထဲမှာ ကလေးငယ်တွေပါဝင်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး စုမ်ဆက် ထပ်စုတင် ကပြောပါတယ်။

ကြာသာပတေးနေ့မနက်ပိုင်း မှာ ကမ္ဘောဒီယားစစ်တပ်ဟာ BM21 ဒုံးကျည်တွေအပါအဝင် လက်နက်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် တာကြောင့် နိုင်ငံတကာ စစ်ရာဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး ကပြောပါတယ်။

ကမ္ဘောဒီယား ဘက်ကလည်း ထိုင်း စစ်တပ်ဟာ နှစ်နိုင်ငဲသဘောတူထားတဲ့ အချက်တွေကို ချိုးဖောက်ပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ကာ နိုင်ငံတကာဥပဒေတွေချိုုးဖောက်တာဖြစ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံတင်ပြသွားမယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီကိစ္စ နဲ့ပက်သက်ပြီး ထိုင်းတပ်မတော် ပြောရေးဆိုခွင့် ရှိသူက ထိုင်းတော်ဝင်လေတပ်ဟာ ကမ္ဘောဒီးယား ရဲ စစ်ရေး ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ထိုင်းတော်ဝင် လေတပ်ရဲ့ F-16 ခြောက်စင်းဟာ ကမ္ဘောဒီးယား နယ်စပ်က စစ်တပ်စခန်းနှစ်ကို ပစ်မှတ် မှန်ကန်အောင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းတပ်မတော် ပြောဆိုရေးဆိုခွင့်ရှိသူ ရီချာ ဆုက်စုဝမ်နွန် က “ ကျနော် စီမံထားတဲ့ စစ်ရေးပစ်မှတ်တွေကို အောင်အောင်မြင်မြင် ပစ်ခတ်နိုင်ခဲ့ပ့ါတယ်” လို့ပြောကြားထားပါတယ်။

ကမ္ဘောဒီးယား စစ်တပ်ကတော့ ထိုင်းလေတပ်ဟာ လူအသွားများတဲ့ အဝေးပြေးလမ်းမ နှစ်ခုကိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြန်လည်စွပ်စွဲထားပါတယ်။

ဒါ့အပြင် ထိုင်းဟာ ကမ္ဘောဒီယားကို လေကြောင်းကျူးကျော်မှု စတင်လုပ်ဆောင်ခဲ့တာကြောင့် အပြင်းအထန် ရှုတ်ချတယ်လို့လည်းပြောပါတယ်။

ထိုင်း – ကမ္ဘောဒီယား ပဋိပက္ခနဲ့ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို နက်နက်ရှိုင်းရှိုင်းစိုးရိမ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကွမ်ကျဲကွန်း ကလည်း” ပဋိပက္ခတွေလျော့ချရေးအတွက် တရုတ်ကကြားဝင်စေ့စပ်ပေးဖို့ အသင့်ရှိပါတယ်။ လို့ပြောကြားထားပါတယ်။

ကိုးကား – ဂါးဒီယန်း ၊ရိုက်တာ

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times