အီရန် နဲ့ အစ္စရေးတို့ ထရမ့် ရဲ့ အပစ်ရပ်အဆိုပြုချက်ကို သဘောတူ

အီရန် နဲ့ အစ္စရေးတို့ ထရမ့် ရဲ့ အပစ်ရပ်အဆိုပြုချက်ကို သဘောတူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အီရန်နဲ့ အစ္စရေးခေါင်း ဆောင်တွေ သဘောတူလုက်ပြီဖြစ်တယ်လို့ နှစ်ဖက်ထုတ်ပြန်ချက်တွေအရသိရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုတဲ့အပစ်ရပ်သဘောတူညီချက်ကို သဘောတူလိုက်ပြီလို့ အစ္စရေးအစိုးရက ထုတ်ပြန်ခဲ့ပြီး အပစ်ရပ်နဲ့ပတ်သက်ပြီး ချိုးဖောက်မှုတွေ ရှိလာမယ်ဆိုရင်တော့ မလွှဲမရှောင်သာ တုံ့ပြန်ရပါလိမ့်မယ်လို့လည်း အစ္စရေး ဘက်ကထုတ်ပြန်ပါတယ်။

အစ္စရေး ရဲ့ကြေညာချက်ထဲမှာ အီရန်ရဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ရှင်းလင်းနိုင်ခဲ့တာကြောင့် အခုလို အပစ်အခတ်ရပ်စဲရေး ကိုလက်ခံတာဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

အစ္စရေးအနေနဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းတွေကို ရှင်းလင်းနိုင်ခဲ့ပြီး အီရန်ဗဟိုအစိုးရနဲ့ဆက်နွှယ်တဲ့ပစ်မှတ် ဒါဇင်ချီကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ် လို့လည်း အစ္စရေးဘက်ကဆိုပါတယ်။

အီရန်နိုင်ငံပိုင် ရုပ်သံဌာန IRINN ကလည်း ဒေါ်နယ်ထရမ့်ရဲ့ အပစ်အခတ်ရပ်စဲရေး ကိုလက်ခံတယ်လို့ ကြေညာခဲ့ပြီး ထရမ့်က “မေတ္တာရပ်ခံ” လို့ အပစ်ရပ်တာလို့လည်း ဆိုပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) ဘက်ကတော့ ကာတာက အမေရိကန်စစ်အခြေစိုက်စခန်းကို တိုက်ခိုက်မှု အောင်မြင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမေရိကန် သမ္မတထရမ့်က၁၂ ရက်ကြာ အစ္စရေး – အီရန် စစ်ပွဲဟာ လာမယ့် ၁၂ နာရီ အတွင်းအဆုံးသတ်ပြီလို့ကြေညာခဲ့တာဖြစ်ပါတယ်။

ကိုးကား – ဂါးဒီယန်း

Connect Burma

The Tanintharyi Times