မြန်မာ့နွေဦးတက္ကသိုလ်(MNOU)က ဖွင့်လှစ်မယ့် ဘာသာရပ်(၁၀)ခုအတွက် ကျောင်းအပ်နိုင်ပြီ

မြန်မာ့နွေဦးတက္ကသိုလ်(MNOU)က ဖွင့်လှစ်မယ့် ဘာသာရပ်(၁၀)ခုအတွက် ကျောင်းအပ်နိုင်ပြီ

မြန်မာ့နွေဉီးတက္ကသိုလ်(MNOU)က ဖွင့်လှစ်သင်ကြားမယ့် Formal Courses ပုံမှန်သင်တန်းတွေထဲက ပထမအသုတ်အနေနဲ့ သင်ကြားမယ့် ဘာသာရပ် (၁၀) ခု တက်ရောက်လိုသူတွေကို စတင်လက်ခံနေပြီ ဖြစ်ပါတယ်။

ပထမအသုတ်အနေဖြင့် ဖွင့်လှစ်သင်ကြားမည့်ဘာသာရပ်တွေကတော့

(၁) English

(၂) Geography

(၃) History

(၄) Philosophy

(၅) Oriental Studies

(၆) Law

(၇) Chemistry

(၈) Biochemistry

(၉) Geology

(၁၀) Computer Science

(၁၁) B.Econ (Eco)

(၁၂) B.Econ(Hons)(Eco)

(၁၃) BPA

(၁၄) BPA (Hons)

✅ ကျောင်းအပ်နှံခြင်းအစီအစဉ် (ပထမအသုတ်)

ကို အခုလ အောက်တိုဘာလ (၂၂) ရက်ကနေနိုဝင်ဘာလ (၅) ရက်နေ့အထိ

ရက်သတ္တပတ် တစ်ပတ်ကြာ လက်ခံသွားမှာပါ။

ဖော်ပြပါ ဘာသာရပ် (၁၀) ခုကို တက်ရောက်နေသူ အထူးပြုဘာသာရပ်အလိုက် နောက်ဆုံးနှစ်နဲ့ ဒုတိယနှစ်(ဂုဏ်ထူးတန်း) CDM ကျောင်းသား၊ ကျောင်းသူတွေ အပ်နှံနိုင်ပါတယ်။

✅ကျောင်းအပ်နှံတာကို Myanmar Educational System (MES) ပေါ်မှာ လာရောက်စာရင်းသွင်းပြီး အခမဲ့အပ်နှံရမှာ ဖြစ်ပါတယ်။

✅ကျောင်းအပ်နှံရမယ့် Myanmar Educational System (MES) စနစ်ကို မသိရှိသေးသူတွေ လေ့လာနိုင်ရန် အတွက် Myanmar Educational System (MES) မိတ်ဆက် Post Link 👉https://fb.watch/gjyHpCqcTv/

သင်တန်းအပ်လိုသူတွေအနေနဲ့ အသေးစိတ်သိရှိလိုပါက Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ရဲ့ ဖေ့ဘုတ့် မှာ ထပ်မံ စုံစမ်းနိုင်ပါတယ်။ >>> https://www.facebook.com/mnou2022

The Tanintharyi Times