“ISP ကပြင်ရပ်ဝန်း” က အဖွဲ့ဝင်ဖိတ်ခေါ်ထား
“ISP ကပြင်ရပ်ဝန်း” က အဖွဲ့ဝင်ဖိတ်ခေါ်ထား
မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP-Myanmar) က အစီအစဉ်သစ် တခု ဖြစ်တဲ့ ISP ကပြင်ရပ်ဝန်း (ISP-Myanmar’s Gabyin Community) ကို ဒီကနေ့ စတင်မိတ်ဆက် ခဲ့ပါတယ်။
ISP ကပြင်ရပ်ဝန်းက အများပြည်သူတွေ ပါဝင်နိုင်တဲ့ အွန်လိုင်းအခြေပြု သီးခြားရပ်ဝန်းတခု ဖြစ်ပြီး လင်းပွင့်လွတ်လပ်စွာ ဖိတ်ခေါ်မယ့် ရပ်ဝန်းတခု၊ ဆုံစည်း ဆွေးနွေးဖလှယ်နိုင်မယ့် ဌာနေတခု ဖြစ်တယ်လို့ ဆိုပါတယ်။
ISP ကပြင်ရပ်ဝန်းမှာ အဖွဲ့ဝင်အဖြစ် ပါဝင်လိုသူတွေအနေနဲ့ https://ispmyanmar.com/community မှာ မည်သူမဆို မည်သည့်အခကြေးငွေမျှ ပေးရန်မလိုဘဲ လျှောက်ထားနိုင်ပါတယ်။
“ISP ကပြင်ရပ်ဝန်း” အဖွဲ့ဝင်တွေ ရရှိိနိုင်မယ့်အချက်တွေကတော့၊
၁။ မြန်မာ့အရေး သုတေသန တွေ့ရှိချက်တွေ၊ စစ်တမ်း တွေ့ရှိချက်တွေကို သိခွင့်၊ ဆွေးနွေးခွင့် ရပါမယ်။
၂။ ISP Journal ကို အခြေခံမယ့် ရေးသူ ဖတ်သူ ဆွေးနွေးပွဲ ISP Symposium တွေမှာ ပုံမှန် တက်ရောက် နားထောင် ဆွေးနွေးခွင့်ရပါမယ်။
၃။ ပြည်တွင်း ပြည်ပက လေးစားအပ်တဲ့ ပညာရှင်တွေ၊ ခေါင်းဆောင်တွေကို ဖိတ်ခေါ် ဟောပြောစေမယ့် အစီအစဉ်မှာ နားထောင် နှီးနှောခွင့် ရပါမယ်။
၄။ ISP-Myanmar ရဲ့ တချို့သော မူပိုင်ဒေတာတွေကို Download လုပ်ခွင့်ရပါမယ်။
၅။ ISP-Myanmar က ထုတ်ဝေတဲ့ စာအုပ် စာတမ်းတွေကို ပြည်တွင်းမှာဆိုရင် အိမ်တိုင် ရာရောက် အခမဲ့ လက်ခံ ရရှိနိုင်ဖို့ လျှောက်ထားခွင့် ရှိပါမယ်။
၆။ ISP-Myanmar က တင်ပြနေတဲ့ ဒေတာ သရုပ်ပြတွေ၊ လုပ်ပုံကိုင်ပုံတွေကို အခါအားလျော်စွာ လေ့လာ အကြံပေးခွင့် ရပါမယ်။
၇။ သီးသန့်ပေးမယ့် ဘာသာရပ်နဲ့ သုတေသနဆိုင်ရာ သင်တန်းတချို့ တက်ရောက်ခွင့်အတွက် လျှောက်ထားနိုင်ပါမယ်။
၈။ ISP-Myanmar ရဲ့ ဒေတာနဲ့ သုတေသနပြုချက်တွေအပြင် ဖြည့်စွက်သုံးသပ်ချက်တွေ ပါဝင်မယ့် ISP Insight email ကို နှစ်ပတ်တကြိမ် လက်ခံရရှိပါမယ်။
အဖွဲ့ဝင်တွေဟာ စည်းကမ်းတစ်ခုကိုတော့ လိုက်နာရမှာပါ။ အဲ့တာကတော့ လူမျိုး၊ ဘာသာ၊ ကျား/မလိင်ခံယူမှု၊ နိုင်ငံရေးအမြင်မတူမှု စတာတွေအပေါ် ချိုးနှိမ်ခွဲခြား စော်ကားတဲ့ အမုန်းစကားတွေ မပြောရဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။
ISP-Myanmar က “ယောမင်းကြီးဇရပ်” လို စကားဝိုင်း ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပြီး မြန်မာ့အရေး သုတေသန တွေ့ရှိချက်တွေနဲ့ စစ်တမ်း တွေကို ထုတ်ပြန်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
The Tanintharyi Times
