နိုင်ငံခြားသား တစ်သောင်းနီးပါးရဲ့ ပညာရေးဗီဇာတွေ ကို ထိုင်းအစိုးရ ရုပ်သိမ်း
နိုင်ငံခြားသား တစ်သောင်းနီးပါးရဲ့ ပညာရေးဗီဇာတွေ ကို ထိုင်းအစိုးရ ရုပ်သိမ်း

နိုင်ငံခြားသား တစ်သောင်း နီးပါးရဲ့ ပညာရေး ဗီဇာနဲ့ ယာယီနေထိုင်ခွင့်တွေကို ထိုင်အစိုးရ ကပြန် ရုပ်သိမ်းလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာန ကဖော်ပြပါတယ်။
ပညာရေး ဗီဇာကိုင်ဆောင် နိုင်ငံခြားသား ၁၀၀၀၀ နီးပါးရဲ့ ယာယီ နေထိုင်ခွင့် ပါမစ်တွေကို လူဝင်မှု ကြီးကြပ်ရေးဗျူရို (IB)က ရုပ်သိမ်းလိုက်ကြောင်း အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာန (MHESI)က ပြောကြားခဲ့ပါတယ်။
စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု မရှိတာကြောင့် ရုပ်သိမ်းထားတာဖြစ်တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး နဲ့ MHESI က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကျောင်းသားဗီဇာကို တလွဲအသုံးချပြီး ထိုင်းနိုင်ငံမှာ တရားမဝင် လာရောက် အလုပ်လုပ်နေကြတာကို တားဆီးဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့လည်း ထိုင်း အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာန ကဆိုပါတယ်။
အဲ့ဒီကိစ္စ နဲ့ပတ်သက်လို့ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာန နဲ့ လူဝင်မှုကြီးကြပ်ရေးဌာန တို့ ဘွဲ့ ဒီဂရီ မဟုတ်တဲ့ ကာလတိုသင်တန်းတွေ နဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းတွေကို ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ကာလတို သင်တန်းတွေ မှာ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ နဲ့ ကိုက်ညီမှသာ ဗီဇာထုတ်ပေးမှာဖြစ်တယ်လို့ လည်းဆိုပါတယ်။
ကာလတို ပညာသင်ယူနေတဲ့ နိုင်ငံခြားသား ကျောင်းသားတွေရဲ့ အစီရင်ခံစာတွေကို အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာန အတွင်းဝန်ဆီ ပုံမှန်တင်ပြဖို့ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။
အဲ့ဒီ အစီရင်ခံစာတွေကို စိစစ်ပြီး ကျောင်းသားတွေရဲ့ ဗီဇာကိစ္စနဲ့ ယာယီနေထိုင်ခွင့် ပါမစ်ကိစ္စတွေကို ဆုံးဖြတ်မယ်လို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လတုန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ က မြောက်ပိုင်းချင်းမိုင် တက္ကသိုလ် က မြန်မာကျောင်းသား တချို့ကို ကျောင်းခေါ်ချိန် ရာခိုင်နှုန်း မပြည့် ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဗီဇာဖျက်သိမ်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – ဘန်ကောက်ပို့စ်
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times