တနင်္သာရီ လယ်သစ်ရွာမှာ စစ်ကောင်စီက ပစ်တဲ့လက်နက်ကြီးကျလို့ နေအိမ်သုံးဆောင်ပျက်စီး

တနင်္သာရီ လယ်သစ်ရွာမှာ စစ်ကောင်စီက ပစ်တဲ့လက်နက်ကြီးကျလို့ နေအိမ်သုံးဆောင်ပျက်စီး

War
ပုံစာ - လက်နက်ကြီးထိမှန်ခဲ့တဲ့အိမ်တစ်ဆောင်နဲ့ လက်နက်ကြီးကျည်တချို့။ (CJ)

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က လယ်သစ်ကျေးရွာမှာ ပြီးခဲ့တဲ့အပတ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် နေအိမ်သုံးဆောင်ထက်မနည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

လယ်သစ်ရွာမှာ ဇွန်လ ၁၅ ရက်ကနေ ၁၈ ရက်အထိ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲကာလမှာ စစ်ကောင်စီတပ်တွေဘက်က ရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့လို့ နေအိမ်သုံးဆောင်ထက်မနည်းထိခိုက်ပျက်စီးခဲ့တာပါ။

တိုက်ပွဲကြောင့် ပြည်သူတစ်ထောင်ကျော်ထွက်ပြေးခဲ့ရတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ လယ်သစ်ရွာက ပြည်သူနှစ်ဆယ်ကျော်ကို လူသားဒိုင်းအနေနဲ့ဖမ်းဆီးခဲ့ပြီး ရိက္ခာတွေသယ်ဆောင်ခိုင်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်နဲ့ဖြစ်ပွားခဲ့တဲ့ ၄ ရက်အကြာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times