ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန် ဓာတ်ဆားရည်ကို ဘယ်လိုပြုလုပ်ရမလဲ။

ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန် ဓာတ်ဆားရည်ကို ဘယ်လိုပြုလုပ်ရမလဲ။

၁။ ရေတစ်လီတာကို သန့်ရှင်းသောအိုးတစ်လုံးဖြင့် ကြိုချက်ပါ။

၂။ ရေကို အချိန်အနည်းငယ်ကြာသည်အထိ အအေးခံထားပါ။

၃။ ဓာတ်ဆားရည်မပြုလုပ်မီ လက်ကိုသန့်ရှင်းအောင် ဆေးကြောပါ။

၄။ ဓာတ်ဆားအမှုန့်ကို ရေထဲထည့်ပြီး ရောမွှေပါ။

၅။ သန့်စင်သော ပန်းကန်ခွက်ယောက် (သို့) ပုလင်းကို အသုံးပြု၍ ဓာတ်ဆားရည်ကိုသိမ်းဆည်းပါ။

မှတ်ချက်

~~~~~~

◉နှစ်နှစ်အောက် ကလေးများအတွက် ဓာတ်ဆားရည် လေးပုံတစ်ပုံမှ ခွက်တစ်ဝက်စာအထိ တိုက်နိုင်သည်။

◉နှစ်နှစ်အထက် ကလေးများအတွက် ဓာတ်ဆားရည် ခွက်တစ်ဝက်စာမှ တစ်ခွက်စာအထိ တိုက်နိုင်သည်။

◉ပြင်ဆင်ထားသော ဓာတ်ဆားရည်ကို လုံခြုံသောနေရာတွင် သိမ်းဆည်းပြီး ၂၄ နာရီအတွင်း သောက်ပါ။

◉သင့်တွင် ဓာတ်ဆားမရှိပါက အိမ်တွင် ပြုလုပ်နိုင်ပါသည်။ သကြား လက်ဖက်ရည်ဇွန်း ခြောက်စွန်းနဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရေသန့်တစ်လီတာထဲ ထည့်ပြီး ဓာတ်ဆားရည်ပြုလုပ်နိုင်ပါသည်။

World Health Organization Myanmar
Original source: WHO India

The Tanintharyi Times